လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၂၄)
ရက်နေ့တွင် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ တာဝဈေးတွင် လမ်းသွားလမ်းလာပြည်သူများ၊
စျေးဆိုင်များ၊ စျေးဝယ်ပြည်သူများအား မိုးကြိုကာလတွင်အများဆုံးဖြစ်ပွားလေ့ရှိသော လေပြင်းဘေးအန္တရာယ်၊
လာမည့်မိုးနှောင်းကာလတွင်ဖြစ်ပွားလေ့ရှိသော မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/
ရှောင်ရန်အချက်များကို အသိပညာပေးလှည့်လည်နှိုးဆော်ခြင်း၊
လက်ကမ်းစာစောင်များ လိုက်လံဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။
Source: DDM