လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဦးစီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ဆန်းစစ်အကဲဖြတ်မှုများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဒေါက်တာကိုကိုနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ လူကိုယ်တိုင်ပါဝင်တက်ရောက်သည့်ပုံစံဖြင့် လည်းကောင်း၊ ဝန်ကြီးရုံးမှဌာနခွဲတာဝန်ခံ လက်ထောက်အတွင်းဝန်များ၊ ဦးစီးဌာန(ရုံးချုပ်)များမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများ၊ သင်တန်းကျောင်းများ၊ စခန်းများ၊ ဂေဟာများ၊ ဌာနငယ်များမှ တာဝန်ခံအရာရှိများက Virtual ပုံစံဖြင့်လည်းကောင်း ပါဝင်တက်ရောက် ခဲ့ကြပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာ၌ ဦးစီးဌာနအလိုက်ချမှတ်ထားတဲ့ Quick Win Project များ အောင်မြင်မှုရရှိရေး သက်ဆိုင်ရာတာဝန်ခံ၊ အရာရှိကြီးများ အားထည့်ဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များမှဖွင့်လှစ်တဲ့ သင်တန်းများ၊ ဌာနတွင်းသင်တန်းများ၊ အခြားဝန်ကြီးဌာနများမှဖွင့်လှစ်တဲ့သင်တန်းများသို့ တက်ရောက်ခြင်းဖြင့် မိမိတို့ဝန်ထမ်းများ သင်ယူနိုင်မှုအခွင့်အလမ်းများရရှိပြီး လုပ်ငန်းခွင်မှ အတွေ့အကြုံ၊ ကျွမ်းကျင်မှုများပေါင်းစပ်ကာ မိမိတို့လုပ်ငန်းတာဝန်များ အောင်မြင်ပေါက်မြောက်အောင် ကြိုးပမ်းရမည် ဖြစ်ပါကြောင်း၊ လုပ်သက်ပြည့်မီပြီးဝန်ထမ်းများ Motivate ဖြစ်ရန် ပြက္ခဒိန်နှစ် (၁)နှစ်အတွင်း ရာထူးအဆင့်တိုင်းအတွက် ရာထူးတိုးစာမေးပွဲ (၂)ကြိမ် ကျင်းပနိုင်ဖို့ စီစဉ် ပေးရန်လို အပ်ပါကြောင်း၊ အခြေခံပညာကျောင်းတွေမှာဆောင်ရွက်မယ့် အသိပညာပေးလုပ်ငန်းတွေမှာ လိုအပ်ချက်များ၊ အခက်အခဲများရှိပါကတင်ပြကြရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရဲ့ မီးဘေးလုံခြုံရေး စီမံချက်အတိုင်း အကောင်အထည် ဖော်နိုင်ရေး ချပြရှင်းလင်းမှုများ၊ ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်သွားဖို့နဲ့ မီးသတ်ဦးစီးဌာနရဲ့ စစ်ဆေးရေးအဖွဲ့အကြံပြုချက်အတိုင်း ဆောင်ရွက်ရမည့်အချက်များကို အလေးထားဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မူကြိုကျောင်းများအနက်လုံခြုံရေးအားနည်းသည့် နေရာများမှလွဲ၍ အားလုံးပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်၍ ECCD ပညာရေးလွှမ်းခြုံနိုင်မှု တိုးတက်မှု အခြေအနေ ပုံမှန်ဆန်းစစ်အကဲဖြတ်ရမည်ဖြစ်ပါကြောင်း၊ အိမ်တွင်းမှုကျောင်းမှာဖွင့်လှစ်လျက်ရှိတဲ့ စက်ချုပ်သင်တန်းများကို ခေတ်မှီပြီး ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်မည့် ဝတ်စုံဒီဇိုင်းများလေ့လာကာ ဌာနဝန်ထမ်း Resource Person များကို ဦးစွာမွမ်းမံသင်တန်းများ ပို့ချပေးသွားရန် ရည်ရွယ်ထားသဖြင့် အစီအမံနှင့် လိုအပ်ချက်များ ပြန်လည်တင်ပြစေလိုကြောင်း၊ လားရှိုးလူငယ်သင်တန်းကျောင်းမှာ လက်ခံစာသင်ကြားပေးနေတဲ့ ဒေသခံတိုင်းရင်းသားကလေးများကို နိုင်ငံတော်အတွက် အကျိုးပြုနိုင်တဲ့ လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာအောင် မိမိတို့တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းအားထုတ်ရမည်ဖြစ်ပြီး မိတ်ဖက်အဖွဲ့အစည်းများမှ အချိတ်အဆက်မိမိဖြင့် အစီအမံကောင်းများနဲ့တကွ မျက်ခြေမပြတ် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးထောက်ပံ့မှုတွေနဲ့ပတ်သက်လို့ သတ်မှတ်လျာထားကာလအတွင်း သက်ဆိုင်ရာငွေထုတ်စာရင်းများမှ အချိန်မီထုတ်ယူနိုင်ဖို့၊ စာရင်းဇယား အချက်အလက်ခိုင်မာစေဖို့နဲ့ အကျိုးခံစားခွင့်ရှိသူများလက်ဝယ်အရောက် ပေးအပ်နိုင်ရန် Focal Ministry တာဝန်ရှိသူများနဲ့ စနစ်တကျတာဝန်ယူရန်လိုအပ်ပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုအနေဖြင့် ယခုကာလအတွင်း သိုလှောင်ရုံများမှာ Inventory Management Software ကို စတင်အသုံးပြုနိုင်ရန် သင်တန်းပေးနိုင်ခဲ့ပြီး ဒီစနစ်အတွင်းမှာ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ရုံးများ မှာရှိတဲ့ ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းစာရင်းတွေကို စတင်ထည့်သွင်းနိုင်ပြီဖြစ်ပါကြောင်း၊  သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျောင်း(ဟင်္သာတ)မှာ In Person နဲ့ သင်တန်းများ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်လို့ ဆက်လက်ပြီး ကိုဗစ်ကပ်ရောဂါမကျရောက်မီက မူလဖွင့်လှစ်ခဲ့တဲ့ သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သွားနိုင်ရေး Calendar ရေးဆွဲထားရမည်ဖြစ်ပါကြောင်း၊ မိုးဦးရာသီမှာဖြစ်ပွားနိုင်တဲ့ ဒေသအလိုက်သဘာဝဘေးများကို ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် သိုလှောင်ရုံတွေမှာ ပစ္စည်းတွေ သတ်မှတ်အရေအတွက်ထက် လျော့နည်းမှုမရှိစေရေး ဖြည့်တင်းထားရန်နှင့် ဆောင်ရွက်ထားရှိမှုအား ပြန်လည်တင်ပြရန်ဖြစ်ပါကြောင်း၊ သဘာဝဘေးအသိပညာပေး Bill Board စိုက်ထူနိုင်ရေး Minimum Standard Size အတိုင်း နေရာစိစစ်သတ်မှတ်ပြီး စိုက်ထူ နိုင်ရေးဆောင်ရွက်သွားရန်နှင့် အရေအတွက်နှင့်နေရာများအား အစီအမံဖြင့်ပြန်လည်တင်ပြရန် ဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင် ရေးဦးစီးဌာနအနေဖြင့် မူးယစ်/ပြန်ထူသင်တန်းများမှာ တက်ရောက်ပြီးသူများ အလုပ်အကိုင်ရရှိနိုင်မည့် သင်တန်းအမျိုးအစားများ ပေးနိုင်ပါကပိုကောင်း မည်ဖြစ်ပါကြောင်း၊ လူကုန်ကူးခံရသူများနဲ့ပတ်သက်ပြီး ပံ့ပိုးကူညီထောက်ပံ့နိုင်မှုနဲ့ Follow up Result အခြေအနေကို မှတ်တမ်းများ စနစ်တကျထားရှိရန်ရန်နှင့် Report လုပ်ရန်အတွက် အားသာချက်၊ အားနည်းချက်များနဲ့ ပြုပြင်ရမည့်အချက်များကို သုံးသပ်ရန်လိုအပ်ပါကြောင်း၊ မသန်အဆင့်သတ်မှတ်ခြင်း Pilot (၄) မြို့နယ်မှာ သင်တန်းဖွင့်လှစ်မှု၊ သင်တန်းသားရရှိမှု၊ ကွင်းဆင်းဆောင်ရွက်မည့်အစီအမံအသေးစိတ်၊ အချိန်ကာလသတ်မှတ်ချက်နဲ့ Progress ကို ပုံမှန်သိရှိနေရမှာဖြစ်ပါကြောင်း၊ သို့မှသာ အားသာချက်၊ အားနည်းချက်များကို ပြုပြင်နိုင်မှာ ဖြစ်ပါကြောင်းစသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန်က ယခင်ပြုလုပ်ခဲ့သည့် (၄/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်များ တစ်ချက်ချင်းအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ဖတ်ကြားရှင်းလင်း တင်ပြခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးရုံးမှ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ သင်တန်းကျောင်းကျောင်းအုပ်ကြီးတို့က လုပ်ငန်းတိုးတက်မှုအခြေအနေများ၊ လမ်းညွှန်မှုခံယူလိုသည့်အချက်များနှင့် ညှိနှိုင်းဖြည့်ဆည်းပေးစေလိုသည့်အချက်များအားဆွေးနွေးတင်ပြခဲ့ကြရာ ညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်ထောင်စုဝန်ကြီးတို့က လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာညနေပိုင်းတွင်အစည်းအဝေးကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြောက်မြိုက်ကျေးရွာအုပ်စု၊ ဒဟတ်ကုန်းကျေးရွာ၊ အေးချမ်းသာစံပြကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာ၊ ကျေးချောင်းကျေးရွာအုပ်စု၊ မိုးနှံကုန်း၊ ထရံကာ၊ သော်တာ၊ ကျေးချောင်း မြောက်ကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်၊ ရန်ကုန် - မန္တလေးလမ်းဟောင်း၊ အကွက်အမှတ်(၂၂၆၄)၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR