လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၇-၂၀၂၂)ရက်နေ့တွင် လူမှုဝန်ထမ်း ဦးစီးဌာနနှင့်ပူးပေါင်း၍ ကျိုက်ထိုမြို့ အ.ထ.က(၂)စာသင်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူ (၂၀၀)ဦးတို့အား သဘာဝဘေးအသိပညာဗဟုသုတတိုးပွားစရန် ရည်ရွယ်၍ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ခြင်းဆိုင်ရာ အသိပညာပေးခြင်းတို့ကို (၁ဝး၀၀) နာရီ အချိန်မှ (၁၂း၀၀)နာရီအချိန်ထိ ဟောပြောဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်ဝေငှခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR