လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု အသိပညာပေးသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ မူလတန်းကြိုကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူစုစုပေါင်း (၁၂)ဦး တက်ရောက်ခဲ့ပါသည်။ ထိုသင်တန်းတွင်စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးက လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ် စတင်ဖြစ်ပေါ်လာပုံ/လုပ်ငန်းလမ်းညွှန် (SOP) ကိုရှင်းလင်းပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူးက Intake and Tools နှင့် Assessment နှင့် Plan တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။