လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာ ပမြို့နယ်၊ (၂) ရပ်ကွက်၊ သုမာလာ(၁၄)လမ်းတွင်(၅-၄-၂၀၂၂)ရက်နေ့၊ (၀၉း၀၇)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးအိမ်ခြေ (၆)လုံး၊ အိမ်ထောင်စု(၁၁)စုမှ လူဦးရေ (၅၄)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၂၀၀,၀၀၀/-)ကျပ်နှင့်  ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၁၃,၄၀၀/-)ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၇)မျိုး (၁၁)အိမ်ထောင်စုစာနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ဖို့ အိမ်ထောင်စု (၁၁)စုအတွက် ဆပ်ပြာ (၁၁)တောင့်၊ လူဦးရေ(၅၄)ဦးအတွက် mask (၁၀၈)ခုတို့အား မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၇-၄-၂၀၂၂)ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် သွားရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း

MOS

DSW

DDM

DOR