မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ (၂၈.၁၂.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံး အစည်းအ‌ဝေးခန်းမ၌ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့်နည်းဥပဒေ အသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဒေါ်လဲ့ယဉ်ဝင်းမှ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့်နည်းဥပဒေပါ အခန်းများ၊ ဘိုးဘွားရိပ်သာများမှ ဆောင်ရွက်ရမည့်တာဝန်များကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းရာ ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးမှ ပြန်လည်ဖြေကြားပြီး နိဂုံးချုပ်စကားပြောကြားကာ ဆွေးနွေးပွဲကို မွန်းတည့် (၁၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ဘိုးဘွားရိပ်သာများမှ ကြီးကြပ်မှုကော်မတီဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များမှကိုယ်စားလှယ်များ၊ INGOs, NGO အဖွဲ့အစည်းတို့မှတာဝန်ရှိသူများ စုစုပေါင်းအင်အား (၃၅)ဦး တက်ရောက်ခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ

MOS

DSW

DDM

DOR