 
 
                            တိုင်းဒေသကြီး/ပြည်နယ်အလိုက်ဆောင်ရွက်ခြင်း
ကယ်ဆယ်ရှင်းလင်းရေးအနေဖြင့် ရဲတပ်ဖွဲ့ဝင်အင်အား (၂၁၈၃)ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား (၄၃၂)ဦးဖြင့်ဆောင်ရွက်လျက်ရှိခြင်း၊
ရေပေးဝေမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ရေသန့်စင်ကား(၆)စီး၊ Mobile Solar စနစ် (၂၀)စုံ တို့ဖြင့် တစ်နေ့တာ ရေပေးဝေသည့်ဂါလံ (၁၃၂၈၈) ဖြင့်ရေပေးဝေလျက်ရှိပြီး စုစုပေါင်းရေပေးဝေခဲ့သည့်ဂါလံမှာ (၁၂၉၆၄၂၀)ဂါလံဆောင်ရွက်လျက်ရှိခြင်း၊
ရေသန့်စင်ပုံး Life Straw ဖြန့်ဝေမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၄၁၀)ပုံး ဖြန့်ဝေပေးလျက်ရှိခြင်း၊
ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးရရှိမှုအနေဖြင့် တယ်လီဖုန်းဆက်သွယ်ရေးလွှမ်းခြုံနိုင်မှု ၉၉.၆၈ % ရှိခြင်း၊
မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသော အဆောက်အဦပြင်ဆင်ပြီးစီးမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ကျန်းမာရေးအတွက် ၇၁ % နှင့် ပညာရေးအတွက် အခြေခံပညာအဆင့်ကျောင်းများ ပြင်ဆင်မှုအနေဖြင့် ၈၆ % ၊ အဆင့်မြင့်ပညာအဆင့်ကျောင်းများပြင်ဆင်မှုအနေဖြင့် ၈၀ % ဆောင်ရွက်ပြီးစီးလျက်ရှိခြင်း၊
မျိုးစပါး လျာထား (၇၃၃၉၇)တင်း (၁၄၆၈)တန်၊ ရောက်ရှိပြီး (၃၅၈၀၅)တင်းနှင့် တင်ပို့ဆဲ (၃၇၅၉၂)တင်း ထောက်ပံ့ရန် စီစဉ်လျက်ရှိခြင်း၊
ရခိုင်ပြည်နယ်တွင် တပ်မတော်အထူးဆေးအဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်မှုအနေဖြင့် အထူးဆေးအဖွဲ့ (၂)ဖွဲ့၊ ကူညီကယ်ဆယ်ရေးဆေးအဖွဲ့ (၁၀)ဖွဲ့တို့အားကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်လျက်ရှိခြင်း၊
ရခိုင်ပြည်နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံ/တိုက်နယ်ဆေးရုံးများတွင် ပြင်ပလူနာ (၃၁၀၃၂)ဦး၊ ဆေးရုံတက်လူနာ (၂၁၁၉၉)ဦး နှင့် နေ့စဉ်ပျမ်းမျှအတွင်းလူနာ (၁၂၀၀)ကျော် ရှိခြင်း၊
ရခိုင်ပြည်နယ်တွင်ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု (၁၄၇၆၂)ဦး၊ အခြားကျန်းမာရေးစောင့်ရှောက်မှု (၁၅၈၃၇၂)ဦး၊ ရေသန့်ဆေးဖြန့်ဝေမှု (၃၉၆၂၀၅) လုံး၊ ရေတွင်းရေကန်သန့်စင်ခြင်း (၆၆၁၉)ကြိမ်၊ ကျန်းမာရေးအသိပညာပေးခြင်း (၁၆၅၉၁)ကြိမ်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု (၃၉၃၀၄)ဦး ဆောင်ရွက်လျက်ရှိခြင်း၊
ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်တွင် တာပေါ်လင်(၂၅၄၀)လိပ်/(၁၂၄၃)ထုပ်/(၂၃၇)စ၊ မိုးကာတဲ (၃၁၁၆)လုံး၊ သွပ် (၄၇၉၅၈၆)ချပ်၊ သွပ်သံ (၆၄.၀၁၅)တန်၊ အိမ်ရိုက်သံ (၇၆.၇၅၀)တန်၊ ခေါက်ဆွဲခြောက် (၃၄၈၀၀၄)ထုပ်/(၅၀၉)ကီလို/(၂၇၁၅)ဖာ၊ ဆန် (၁၀၂၄၁၉)အိတ်/(၅၉၆.၄၆၆)တန်၊ ခေါင်အုပ် (၆၀၁၀)ပေ၊ ချင်းပြည်နယ်တွင် ဆန် (၉၆၀)အိတ်နှင့် သစ်ခွဲသား/ပင်ကျပ်တိုင် (၂၉၈၉.၅၅၃)တန် စစ်တွေမြို့သို့ရောက်ရှိပြီး ပို့ရန်အသင့်ရှိ (၁၀၃)တန် ပြင်ဆင်ထားရှိခြင်း၊
ရခိုင်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အား စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်များရှိ မြို့ပေါ်ရပ်ကွက်များတွင် လျှပ်စစ်မီးရရှိမှုအခြေအနေဖြင့် (၁၀၀%)နှင့် မြေပုံ၊ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲ၊ တောင်ကုတ်၊ ဂွနှင့် မအီမြို့နယ်တွင် လျှပ်စစ်မီးရရှိမှုအနေဖြင့် (၁၀၀%) ပြန်လည်အသုံးပြုနိုင်လျက်ရှိခြင်း၊
ကယ်ဆယ်ထောက်ပံ့ပစ္စည်းများ တင်ပို့မှုအနေဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့  ATR (72) (0003)ဖြင့် (၄၁၀၆)ကီလိုဂရမ်  တင်ပို့လျက်ရှိခြင်း၊
ဘေးဒဏ်ခံစားရမှုအခြေအနေဖြင့်
သေဆုံး - ၁၄၈ ဦး
ဒဏ်ရာရ - ၁၃၂ ဦး
ထိခိုက်ပျက်စီမှုအခြေအနေဖြင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် -
နေအိမ်ပျက်စီး - ၂၇၁၃၃၅ လုံး
စာသင်ကျောင်း - ၁၆၂၇ လုံး
ဘာသာရေး အဆောက်အဦ - ၃၅၄၀ လုံး
ဆေးရုံ/ဆေးခန်း - ၅၀၉ ခု
တာဝါတိုင် - ၂၈ တိုင်
ဓာတ်တိုင် - ၇၂၄၇ တိုင်
တိရစ္ဆာန်သေဆုံး − ၁၇၇၉၂၃ ကောင်
 
            
          






 
                   
                   
                   
                    
 
                      
