လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ (၉)ရက်နေ့မှ (၁၃)ရက်နေ့အထိဗီယက်နမ်နိုင်ငံ၊ ဟွာလောင်းမြို့၌ကျင်းပပြုလုပ်လျက်ရှိသည့် (၁၁) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး (ASEAN Ministerial Meeting on Disaster Management-AMMDM)နှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်လျက်ရှိပါသည်။

ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် “From response to anticipatory action and resilience: ASEAN’s journey towards global leadership in disaster management”ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သည့်အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနေ့ပထမပိုင်းအစီအစဉ်သို့တက်ရောက်ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၁၁) ကြိမ်မြောက်အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့အာဆီယံနိုင်ငံများမှသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများ၊ကိုယ်စားလှယ်များနှင့်အတူတက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင်သဘာဝဘေးအန္တရာယ်ဆိုင်ရာဆောင်ရွက်မှုများကို သက်ဆိုင်ရာနိုင်ငံအလိုက် ဝန်ကြီးများကပြောကြားကြရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းက အာဆီယံဒေသတွင်းနိုင်ငံများအနေဖြင့်ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သောနိုင်ငံများဖြစ်လာစေရန် နိုင်ငံအလိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ယနေ့အစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သောFrom response to anticipatory action and resilience: ASEAN’s journey towards global leadership in disaster managementကိုကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံသည် Anticipatory Actionကိုနိုင်ငံ၏ပထဝီနေအထား၊ နိုင်ငံ၏လုပ်ထုံးလုပ်နည်းများနှင့်အညီအကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ပြီးခဲ့သည့်မေလ (၁၄)ရက်နေ့က မြန်မာနိုင်ငံသို့ဝင်ရောက် တိုက်ခတ်ခဲ့သောအလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းမိုခါနှင့်ပတ်သက်၍ စီမံဆောင်ရွက်ခဲ့မှုများကိုသာဓကပြလိုပါကြောင်း၊မုန်တိုင်းမိုခါမဝင်ရောက်မီကပင်နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှု၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏အနီးကပ်ကြီးကြပ်မှုတို့ဖြင့်လုပ်ငန်းကော်မတီများ၊တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့်ဒေသခံပြည်သူများ၏ပူးပေါင်းပါဝင်မှုတို့ဖြင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာဆောင်ရန်၊ရှောင်ရန် အချက်အလက်များဖြန့်ဝေခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ကြိုတင်သတိပေးချက်များအချိန်နှင့်တပြေးညီထုတ်ပြန်ပေးခြင်း၊ လိုအပ်သည့်စားရေရိက္ခာများ၊ စက်သုံးဆီများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများကိုဘေးကျရောက်နိုင်ခြေများပြားသောဒေသများသို့ ကြိုတင်ပေးပို့စုဆောင်းခြင်း၊ ပြည်သူများအားဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းပေးခြင်း၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီများအလိုက်ဆောင်ရွက်ရမည့်လုပ်ငန်းများကိုတိကျစွာလိုက်နာစေခြင်းတို့ကိုဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်မှုများကြောင့် ၂၀၀၈ခုနှစ်တွင်ဖြစ်ပွားခဲ့သောနာဂစ်မုန်တိုင်းနှင့်နှိုင်းယှဉ်ပါကလူသေဆုံးမှု၊ ထိခိုက်ပျက်စီးမှုများများစွာ နည်းပါးခဲ့ပါကြောင်း၊ ယခုအခါ ဘေးသင့်ဒေသများကိုမူလအနေအထားထက် ပိုမိုကောင်းမွန်သည့်အခြေအနေသို့ရောက်ရှိစေရန် ပြန်လည်ထူထောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိုခါမုန်တိုင်းသင့်ဒေသများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးပို့ကူညီထောက်ပံ့ခဲ့ကြသည့် အာဆီယံနိုင်ငံများနှင့် မိတ်ဆွေနိုင်ငံများကိုကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

ယင်းနောက်အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centreတို့ကလုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေရရှိသုံးစွဲမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ကြပါသည်။

ဆက်လက်၍ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံတို့မှ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးအဆင့်အစည်းအဝေးများအားသီးခြားစီကျင်းပခဲ့ရာအာဆီယံနှင့်ပူးပေါင်းဆောင်ရွက်မည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာပူးတွဲကြေညာချက်များနှင့်စပ်လျဉ်း၍အပိုင်းအလိုက်၊ အခန်းကဏ္ဍအလိုက် ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။ အဆိုပါအစည်းအဝေး၏ဆက်စပ်အစည်းအဝေးများဖြစ်သောအာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ(၄၃)ကြိမ်မြောက်အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာလ(၉) ရက်နေ့မှ (၁၂)ရက်နေ့အထိကျင်းပခဲ့ရာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်ကိုယ်စားလှယ်အဖွဲ့ကပါဝင်တက်ရောက်ခဲ့ပြီးမြန်မာနိုင်ငံ၏သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ၊  အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများအားဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း

MOS

DSW

DDM

DOR