မိုးကြိုးထိမှန် ဒဏ်ရာရလူနာအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
၀၃ ဇွန် ၂၀၂၃
လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု
ဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ ကသာမြို့၊ တုတ်ကြီးကျေးရွာအုပ်စု၊
သံပုရာကုန်း ကျေးရွာ၌ (၂-၆-၂၀၂၃) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် မိုးကြိုးထိမှန်သဖြင့်
ကသာမြို့ပြည်သူဆေးရုံတွင် ဆေးကုသမှုခံယူနေသော ဒဏ်ရာရလူနာ(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-)အား
(၃-၆-၂၀၂၃)ရက်နေ့ နေ့လည်(၁၂:၃၀)နာရီအချိန်တွင် ကသာမြို့ပြည်သူဆေးရုံတွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM