လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂-၁၀-၂၀၂၁)ရက်နေ့၌ လက်ပံတန်းမြို့နယ်၊ မြင်ကဝကျေးရွာအုပ်စုနှင့် ကျွန်းကလေး ကျေးရွာအုပ်စုတို့တွင် ဖြစ်ပွားခဲ့သော ကမ်း​ပြိုဘေးမှ ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝိ/-) အိမ်ထောင်စု(၂)စုရှိလူဦးရေ(၁၀)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ ဖိုးထောက်ပံ့ငွေ(၂၁,၀၀ဝိ/-)ကျပ်​ဖြစ်ပြီး စုစုပေါင်းထောက်ပံ့ငွေ(၂၂၁,၀၀၀/-)နှင့်  မိုးကြိုးဘေးမှသေဆုံး(၁)ဦး အတွက် ထောက်ပံ့ငွေ(၃၀၀,၀၀ဝိ/-)ကျပ်၊ မိုးကြိုးဘေးမှတစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀,၀၀ဝိ/-)ကျပ်၊ အိမ်ထောင်စု(၁)စု​ရှိ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံငွေ (၆,၃၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၃၇၆,၃၀၀/-)အား (၁၆-၁၀-၂၀၂၁)ရက်နေ့တွင် သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ​မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ရပ်ကျေးစာရေး၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့်အတူ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါသည်။

 

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဖြစ်သူ Ms. Noriko Takagiအားလက်ခံတွေ့ဆုံ
မြန်မာနိုင်ငံက Hybrid စနစ်ဖြင့် အိမ်ရှင်အဖြစ် (၁၁)ကြိမ်မြောက် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်များအခွင့်အရေးမြှင့်တင်ရေးနှင့်ကာကွယ်စောင့်ရှောက်ရေးကော်မရှင်(ACWC)နှင့် အာဆီယံအမျိုးသမီးကော်မတီ (ACW) ညှိနှိုင်းအစည်းအဝေးနှင့် (၂၃)ကြိမ်မြောက်အာဆီယံ အမျိုးသမီးကော်မတီအစည်းအဝေးများကျင်းပခြင်း
(၂၀.၁၁.၂၀၂၄)ရက်နေ့တွင် ကျရောက်သည့် (၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား ကျင်းပပြုလုပ်ခြင်း
ရာဂီမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက်ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများလွှဲပြောင်းပေးအပ်ပွဲကျင်းပ

MOS

DSW

DDM

DOR