ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်

(၁၀.၅.၂၀၂၁)ရက်နေ့      လွိုင်ကော်မြို့နယ်၊   ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၌ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ကြီးမှူးဖွင့်လှစ်သော ရပ်ရွာအခြေပြုမုန့်မျိုးစုံပြုလုပ်နည်းသင်တန်းနှင့် အခြေခံပန်းအလှပြင်သင်တန်း ဖွင့်ပွဲအခမ်းအနားကို လွိုင်ကော်မြို့နယ်၊  ပြည်နယ်လူမှုဝန်ထမ်းရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လူမှုဝန်ထမ်းရုံးညွှန်ကြားရေးမှူးဒေါ်သိန်းသိန်းမြင့် မှ  အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ရပ်ရွာအခြေပြုမုန့်မျိုးစုံပြုလုပ်နည်းသင်တန်းတွင် သင်တန်းသား/သူ (၁၅)ဦး နှင့် အခြေခံပန်းအလှပြင်သင်တန်းတွင် သင်တန်းသား/သူ (၁၅)ဦးတို့ဖြင့် သင်တန်းကာလ (၅)ရက်ကြာ သူ (၁၅)ဦးတို့ဖြင့် သင်တန်းကာလ (၅)ရက်ကြာ စာတွေ့ ၊ လက်တွေ့သင်ကြားမည်ဖြစ်ပါသည်။

(၂၂.၆.၂၀၂၁)ရက်နေ့      လွိုင်ကော်မြို့နယ်၊   ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနတွင် Gender ၊CEDAW၊ NSPAW အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ လွိုင်ကော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်း (၂၀)ဦးတက်ရောက်ခဲ့ကြပြီး ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါ်တင်မာဝင်း၊ ဦးစီးအရာရှိ နှင့် ဒေါ်နန်းနီနီခိုင်၊ ဒု-ဦးစီးမှူးတို့မှ  ဟောပြောခဲ့ကြပါသည်။

(၂၇.၆.၂၀၂၁)ရက်နေ့      လွိုင်ကော်မြို့နယ်၊   ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနတွင် လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားတွင် လွိုင်ကော်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးစန်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား  ပြောကြားခဲ့ပြီး သင်တန်းနည်းပြ ဒေါ်တင်မာဝင်း၊ ဦးစီးအရာရှိ နှင့် ဒေါ်နန်းနီနီခိုင်၊ ဒု-ဦးစီးမှူးတို့မှ သင်တန်းသား/သူ (၁၇)ဦး တို့အား  စာတွေ့ ၊ လက်တွေ့သင်ကြားခဲ့ပါသည်။

(၂၉.၆.၂၀၂၁)ရက်နေ့      လွိုင်ကော်မြို့နယ်၊ ‌ဒေါဥခူရပ်ကွက်၌   ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ အခြေခံပန်းအလှပြင်သင်တန်းကိုသင်တန်းသား (၁၂)ဦးဖြင့် စတင်ဖွင့်လှစ်ရာ အမျိုးသမီးများအသိပညာဗဟုသုတတိုးပွားရန် နှင့် ရပ်ရွာရှိအမျိုးသမီးများပေါင်းသင်းဆက်ဆံမှု ဖွံ့ဖြိုး တိုးတက်လာစေရန် ၊ အသိပညာများ မျှဝေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

ကယားပြည်နယ်၊ ရှားတောမြို့နယ်

(၂၉.၆.၂၀၂၁)ရက်နေ့      ရှားတောမြို့နယ်၌   ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သော အခြေခံစက်ချုပ်သင်တန်းနှင့် အခြေခံဇာထိုးပန်းထိုးသင်တန်းဖွင့်ပွဲအခမ်းအနားကို ရှားတောမြို့နယ်၊  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရှားတောမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြား၍ လွိုင်ကော်ခရိုင်လူမှုဝန်ထမ်းရုံး၊ ဦးစီးအရာရှိမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အားပြောကြာခဲ့ပါသည်။ အခြေခံစက်ချုပ်သင်တန်းသား/သူ (၁၆)ဦးနှင့် အခြေခံဇာထိုးပန်းထိုးသင်တန်းသား/သူ(၁၁)ဦးဖြင့် စတင်သင်ကြားခဲ့ပြီး သင်တန်းကာလ (၂၁)ရက်ကြာ သင်ကြားမည်ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR