ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်

(၁၀.၅.၂၀၂၁)ရက်နေ့      လွိုင်ကော်မြို့နယ်၊   ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၌ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ကြီးမှူးဖွင့်လှစ်သော ရပ်ရွာအခြေပြုမုန့်မျိုးစုံပြုလုပ်နည်းသင်တန်းနှင့် အခြေခံပန်းအလှပြင်သင်တန်း ဖွင့်ပွဲအခမ်းအနားကို လွိုင်ကော်မြို့နယ်၊  ပြည်နယ်လူမှုဝန်ထမ်းရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လူမှုဝန်ထမ်းရုံးညွှန်ကြားရေးမှူးဒေါ်သိန်းသိန်းမြင့် မှ  အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ရပ်ရွာအခြေပြုမုန့်မျိုးစုံပြုလုပ်နည်းသင်တန်းတွင် သင်တန်းသား/သူ (၁၅)ဦး နှင့် အခြေခံပန်းအလှပြင်သင်တန်းတွင် သင်တန်းသား/သူ (၁၅)ဦးတို့ဖြင့် သင်တန်းကာလ (၅)ရက်ကြာ သူ (၁၅)ဦးတို့ဖြင့် သင်တန်းကာလ (၅)ရက်ကြာ စာတွေ့ ၊ လက်တွေ့သင်ကြားမည်ဖြစ်ပါသည်။

(၂၂.၆.၂၀၂၁)ရက်နေ့      လွိုင်ကော်မြို့နယ်၊   ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနတွင် Gender ၊CEDAW၊ NSPAW အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ လွိုင်ကော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်း (၂၀)ဦးတက်ရောက်ခဲ့ကြပြီး ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါ်တင်မာဝင်း၊ ဦးစီးအရာရှိ နှင့် ဒေါ်နန်းနီနီခိုင်၊ ဒု-ဦးစီးမှူးတို့မှ  ဟောပြောခဲ့ကြပါသည်။

(၂၇.၆.၂၀၂၁)ရက်နေ့      လွိုင်ကော်မြို့နယ်၊   ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနတွင် လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားတွင် လွိုင်ကော်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးစန်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား  ပြောကြားခဲ့ပြီး သင်တန်းနည်းပြ ဒေါ်တင်မာဝင်း၊ ဦးစီးအရာရှိ နှင့် ဒေါ်နန်းနီနီခိုင်၊ ဒု-ဦးစီးမှူးတို့မှ သင်တန်းသား/သူ (၁၇)ဦး တို့အား  စာတွေ့ ၊ လက်တွေ့သင်ကြားခဲ့ပါသည်။

(၂၉.၆.၂၀၂၁)ရက်နေ့      လွိုင်ကော်မြို့နယ်၊ ‌ဒေါဥခူရပ်ကွက်၌   ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ အခြေခံပန်းအလှပြင်သင်တန်းကိုသင်တန်းသား (၁၂)ဦးဖြင့် စတင်ဖွင့်လှစ်ရာ အမျိုးသမီးများအသိပညာဗဟုသုတတိုးပွားရန် နှင့် ရပ်ရွာရှိအမျိုးသမီးများပေါင်းသင်းဆက်ဆံမှု ဖွံ့ဖြိုး တိုးတက်လာစေရန် ၊ အသိပညာများ မျှဝေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

ကယားပြည်နယ်၊ ရှားတောမြို့နယ်

(၂၉.၆.၂၀၂၁)ရက်နေ့      ရှားတောမြို့နယ်၌   ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သော အခြေခံစက်ချုပ်သင်တန်းနှင့် အခြေခံဇာထိုးပန်းထိုးသင်တန်းဖွင့်ပွဲအခမ်းအနားကို ရှားတောမြို့နယ်၊  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရှားတောမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြား၍ လွိုင်ကော်ခရိုင်လူမှုဝန်ထမ်းရုံး၊ ဦးစီးအရာရှိမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အားပြောကြာခဲ့ပါသည်။ အခြေခံစက်ချုပ်သင်တန်းသား/သူ (၁၆)ဦးနှင့် အခြေခံဇာထိုးပန်းထိုးသင်တန်းသား/သူ(၁၁)ဦးဖြင့် စတင်သင်ကြားခဲ့ပြီး သင်တန်းကာလ (၂၁)ရက်ကြာ သင်ကြားမည်ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု

MOS

DSW

DDM

DOR