လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးမှူးရုံးတို့ ပူးပေါင်း၍ မော်လမြိုင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း ( ရွှေနတ်တောင် ) ၌ ကလေးသူငယ်အခွင့် အရေး ကိုယ်တိုင်သိရှိနားလည်ရေး  အသိပညာပေးဟောပြောပွဲကို ( ၂၉.၁၂.၂၀၂၂ ) ရက်နေ့၊  နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ ဟောပြောပွဲတွင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး၊ မိုင်းအန္တရာယ် အသိပညာပေးခြင်း၊ လူကုန်ကူးမှုကင်းဝေးဖို့ အားလုံးဝိုင်းဝန်းပူးပေါင်းစို့၊ မူးယစ်အန္တရာယ်လူ့ရန်စွယ် အကြောင်းများကို ဟောပြောခဲ့ပြီး၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူးက ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်များ အကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြပါသည်။ အခမ်းအနားသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်းအင်အား (၁၆၂) ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါ အကြောင်းအရာများနှင့်ပတ်သက်၍ မေးခွန်းအမေးအဖြေများကို ကျောင်းသား/သူများအား မေးမြန်းကာ လက်ဆောင်ပစ္စည်းများ၊ အာဟာရမုန့်များပေးအပ်ခဲ့ပြီး အခမ်းအနားကို မွန်းတည့် (၁၂:၀၀)နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ

MOS

DSW

DDM

DOR