လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းသည် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ နေပြည်တော် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းသို့ သွားရောက်၍ ကလေးများအတွက် သင်ထောက်ကူပစ္စည်းများပေးအပ်ပြီး ကလေးများအား သင်ကြားလေ့ကျင့်ပေးမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မူလတန်းကြိုကျောင်း၏ ကြီးကြပ်သူများ၊ တာဝန်ခံဆရာမများနှင့်တွေ့ဆုံ၍ မူလတန်းကြိုအရွယ်သည် စူးစမ်းလေ့လာမှု အားကောင်း၍ ပတ်ဝန်းကျင်မှပြုစုပျိုးထောင်ပေးမှုများသည် ကလေးများဖွံ့ဖြိုးမှုအတွက် အရေးပါသည့်အခန်းကဏ္ဍများဖြစ်ပါကြောင်း၊ ကလေးများအတွက်ဖွံ့ဖြိုးမှုနည်းလမ်းများနှင့်အညီ စနစ်တကျသင်ကြားလေ့ကျင့်ပေးခြင်းဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ စိတ်ခံစားမှု၊ ပေါင်းသင်း ဆက်ဆံရေးစသည်ဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ မကြာခင်မူလတန်းသို့ တက်ရောက်ရမည့် ရင်သွေးငယ်များအတွက် မူလတန်းကြိုကျောင်းများသည် သင်ယူမှု၏အဓိကအခြေခံအုတ်မြစ်များဖြစ်သဖြင့်တတ်နိုင်သမျှထောက်ပံ့ပေးရမည်ဖြစ်ပါကြောင်း၊ လူမှုသဟဇာတဖြစ်စွာဖြင့် နေထိုင်တတ်ပြီး ကိုယ်ချင်းစာနာစိတ်ဖြင့်မိမိပတ်ဝန်းကျင်ကိုအကျိုးပြုသည့်နိုင်ငံ့သားကောင်း၊ သမီးကောင်းများဖြစ်စေရေးအတွက် ဆရာ၊မိဘနှင့်တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပြီး ကလေးများအား အရုပ်၊မုန့်နှင့် ပဲနို့များ ကျွေးမွေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာရှိ လူမှုဝန်ထမ်းဦးစီးဌာန တည်ထောင်ခွင့်ပြုမိန့်ရ သုဇနကာရီလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့သွားရောက်၍ ဂေဟာ၏နာယကဆရာတော်အား ဖူးမြော်ကန်တော့ပြီး ဂေဟာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များမေးမြန်းလျှောက်ထားခဲ့ပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ဂေဟာရှိတာဝန်ခံများ၊ ဂေဟာအုပ်ချုပ်ရေးမှူးအပါအဝင် ကျောင်းသား၊ ကျောင်းသူများနှင့်  ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကလေးများအား စောင့်ရှောက်ထားရှိမှုအခြေအနေ၊ စားသောက်ရေး၊နေထိုင်ရေးနှင့် မိသားစုများနှင့်တွေ့ဆုံနိုင်ရေးဆောင်ရွက်ပေးနေမှုအခြေအနေများကို မေးမြန်းခဲ့ပြီးလိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ဂေဟာရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း တာဝန်ခံနှင့်ဆရာမများ၊ ကလေးများအား တွေ့ဆုံ၍ သင်ထောက်ကူ ပစ္စည်းများပေးအပ်ခဲ့ပြီး ဂေဟာရှိ ကျောင်းသား၊ ကျောင်းသူများ၊ မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများအား အရုပ်၊ မုန့်နှင့် စားသောက်ဖွယ်ရာများ ကျွေးမွေးထောက်ပံ့ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ
ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၊ ‌ရွှေသံလွင်ဘိုးဘွားရိပ်သာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာဟောပြောပွဲနှင့် လမ်းကမ်းစာစောင်ဝေငှမှုသတင်း

MOS

DSW

DDM

DOR