ကော့သောင်းမြို့နယ်၊ ရွှေဇင်ယော်ရပ်ကွက်၊ နန္ဒာဝန်ဈေး၌ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
၁၂ မေ ၂၀၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်
(၁၂-၅-၂၀၂၃)ရက်နေ့၊ (၀၇:၃၀)နာရီအချိန်တွင် ကော့သောင်း မြို့နယ်၊ ရွှေဇင်ယော်ရပ်ကွက်၊
နန္ဒာဝန်ဈေးရှိ ပြည်သူများအား ခရိုင်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ကြက်ခြေနီတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့်
မုန်တိုင်းဘေးအန္တရာယ်၏ နောက်ဆက်တွဲ ဘေးအန္တရာယ်များဖြစ်သော ရေဘေး၊ လေပြင်းဘေးနှင့်
မိုးကြိုးဘေးစသည့် သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များပါဝင်သည့်
(မုန်တိုင်းဘေး၊ လေပြင်းဘေးနှင် မိုးကြိုးဘေး) လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ
ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: DDM