Artificial Intelligence (AI) ဉာဏ်ရည်တုနည်းပညာအသိပညာပေးဟောပြောပွဲအခမ်းအနားကိုယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ကျင်းပခဲ့ရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ Artificial Intelligence (AI) ဉာဏ်ရည်တုနည်းပညာနှင့်စပ်လျဉ်း၍ ဟောပြောမည့် ဒေါက်တာတင်ဘုန်းကျော်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။

ရှေးဦးစွာပြည်ထောင်စုဝန်ကြီးကဝန်ထမ်းများအနေဖြင့်စဉ်ဆက်မပြတ်လေ့လာသင်ယူနေရန်လိုအပ်ပြီးတိုးတက်ပြောင်းလဲလာနေသောနည်းပညာများကိုလိုက်ပါသိရှိပြီးလုပ်ငန်းစွမ်းဆောင်ရည်များကောင်းမွန်လာစေရန်ရည်ရွယ်၍ နည်းပညာဟောပြောပွဲကိုဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြောင်းလဲလာသည့် နည်းပညာများအရကွန်ပျူတာမှတ်ဉာဏ်စွမ်းအားမြင့်မားလာမှု၏အကူအညီကိုရယူ၍ မှတ်သားရန်လိုအပ်သည့် အချက်အလက်များကိုမှတ်သားခြင်း၊ ရှာဖွေခြင်းများကိုအလွယ်တကူဆောင်ရွက်လာနိုင်ကြောင်း၊ ယနေ့တွင် လက်ကိုင်ဖုန်းများအတွင်းပါဝင်လာသော Virtual Assistant များဖြစ်သော Siri, Bixbyတို့ကိုအသုံးပြု၍ ဖုန်းခေါ်ဆိုခြင်း၊ သီချင်းဖွင့်ခြင်းစသည်များကိုလုပ်ဆောင်လာနိုင်နေပြီဖြစ်ကြောင်း၊ နည်းပညာအသုံးပြုမှုတွင် ကောင်းကျိုးများလည်းရှိသလိုတစ်ဖက်မှာလည်းဆိုးကျိုးများလည်းရှိပါကြောင်း၊ နည်းပညာ၏ တိုးတက်ဖြစ်ထွန်းလာမှုကြောင့် နေ့စဉ်ဘဝကိုသက်တောင့်သက်သာရှိစေပါကြောင်း၊ နည်းပညာတိုးတက်လာမှုနှင့်အတူကုန်ထုတ်လုပ်မှုလုပ်ငန်းများ၌ လူသားဝန်ထမ်းများအစားဝန်ထမ်းကုန်ကျစရိတ်လျှော့ချပြီး အချိန်များများပိုလုပ်နိုင်သည့် စက်ရုပ်များကိုအစားထိုးအသုံးပြုလာကြသဖြင့် လူများ၏ အလုပ်အကိုင်အခွင့်အလမ်းကိုအနှောင့်အယှက်ဖြစ်လာနေကြောင်း၊ သို့သော် မိမိအတွက်၊ လူသားများအတွက် အကျိုးရှိစွာအသုံးချနိုင်ရန်လိုအပ်ပါကြောင်း၊ AI နည်းပညာမှာ များစွာအသုံးဝင်ကြောင်း၊ နိုင်ငံတကာများတွင် စက်ရုံ၊ အလုပ်ရုံများ၊ အိမ်အကူလုပ်ငန်းစသည့်များတွင် စက်ရုပ်များအသုံးပြုပြီး ဆောင်ရွက်နေကြကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် လူမှုဝန်ထမ်းကဏ္ဍမှ မွေးကင်းစမှ အိုမင်းချိန်အထိ လူမှုရေးဝန်ဆောင်မှုများကို အဆင့်တိုင်း စနစ်တကျပေးနိုင်ရန် လူမှုဝန်ထမ်းမှ ဆောင်ရွက်နေသည့် Social Management Information System ကိုအသုံးပြုနေသည့်အတွက် နောင်တွင်အလုပ်လုပ်ရာ၌ ပိုမိုတိကျမြန်ဆန်ပြီး လွယ်ကူလာနိုင်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍လည်း Disaster Monitoring and Response System ကိုအသုံးပြုနှင့်ပြီးဖြစ်သော်လည်းမိုးလေဝသခန့်မှန်းချက်များနှင့် အလိုအလျောက်ကြိုတင်သတိပေးစနစ်များ၊ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်မည့် သတင်းအချက်အလက်များပါဝင်သည့်စနစ်များအသုံးပြုနိုင်ရန်လည်းလိုအပ်ကြောင်း၊ ပြန်လည်ထူထောင်ရေးအနေဖြင့်လည်း အမြင်အာရုံချို့တဲ့သူများအတွက် Virtual Aid၊ တုတ်ကောက်များအစရှိသည့် ခြေထောက်မသန်စွမ်းသူများအတွက် သွားလာရသည့် နည်းပညာဖြင့်ပြုလုပ်ထားသည့် ခြေတုများ ပေါ်ပေါက်လာကြောင်း၊ ၎င်းတို့မှာ AI နှင့်ပတ်သက်၍ အားသာချက်များဖြစ်ကြောင်း၊ ယခုအသိပညာပေးဟောပြောပွဲမှနေ၍ အသိပညာများတိုးတက်ရရှိပြီးလုပ်ငန်းခွင်ကျွမ်းကျင် အောင်မြင်မှုရှိစေရန်၊ ပြောင်းလဲလာသည့် နည်းပညာအပေါ် လိုက်ပါဆောင်ရွက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ပေးနိုင်ရန် အဓိကလိုအပ်သည့်အတွက် ယခုကဲ့သို့ နည်းပညာဟောပြောပွဲကိုဆောင်ရွက်ခြင်းဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် ဒေါက်တာတင်ဘုန်းကျော်ကစက်မှုတော်လှန်ရေးမှသည် ကွန်ပျူတာနှင့် သတင်းအချက်အလက်နည်းပညာအပါအဝင် AI နည်းပညာ၏ အဆင့်ဆင့်တိုးတက်ပြောင်းလဲမှု၊ နည်းပညာကြောင့် ရရှိခံစားရနိုင်သည့် ကောင်းကျိုးများနှင့် ဘေးထွက်ဆိုးကျိုးများ၊ ဆန်းသစ် တီထွင်ဖန်တီးနိုင်စွမ်းရှိလာမှု၊ အနာဂတ်တွင် လူသားထုအပေါ် နည်းပညာ၏ လွှမ်းမိုးလာနိုင်မှုများစသည်တို့နှင့်စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာများကိုဆွေးနွေးပြောကြားခဲ့ရာတက်ရောက်လာသည့် အရာထမ်း၊ အမှုထမ်းများကသိရှိလိုသည်များကိုမေးမြန်းဆွေးနွေးကြ သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက AI နည်းပညာနှင့်စပ်လျဉ်း၍ ဟောပြောပေးသည့် ဒေါက်တာတင်ဘုန်းကျော်အားအမှတ်တရလက်ဆောင်ပေးအပ်ပြီးကျေးဇူးတင်နိဂုံးချုပ်စကားပြောကြားခဲ့သည်။

ယနေ့ပြုလုပ်သည့် နည်းပညာဟောပြောပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းစုစုပေါင်း (၃၀၀) ခန့်ကစုပေါင်းခန်းမအတွင်း၌လည်းကောင်းကျန်အရာထမ်း၊ အမှုထမ်းများမှာသက်ဆိုင်ရာဌာနနေရာများမှ Zoom အသုံးပြု၍လည်းကောင်းတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ

MOS

DSW

DDM

DOR