လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(မြစ်ကြီးနား)မှ ဦးဆောင်၍ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားအား ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားအုပ်စု၊ လဝမ်ကတောင်ကျေးရွာ၊ ဂါလိ လဲအိုင်လူငယ်ပြုစု ပျိုးထောင်ရေးလူမှုသင်တန်းကျောင်း၌ (၂၅-၈-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ကချင်ပြည်နယ်၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းအောင်မှအဖွင့် အမှာ စကားပြောကြားရာတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံနှင့်အဝန်းအရေး ယူဆောင် ရွက်မှုများ၊ ဖမ်းဆီးမှုများပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် တစ်ဖက်မှလည်း မူးယစ်‌ဆေးဝါးသုံးစွဲ မှုလျှော့ကျ၊ နည်းပါးစေရန်အတွက် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တိုင်းဒေသ ကြီး/ပြည်နယ်များ တွင် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်းများဖွင့်လှစ်ကာ ယခုကဲ့သို့ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး များဆောင်ရွက် လျက်ရှိရာ တက်ရောက်ခဲ့သည့် သင်တန်းသားများ အနေဖြင့် သင်တန်းမှပို့ချသော သင်ခန်းစာများ အား လက်‌တွေ့တွင် အသုံးချပြီး ကောင်းမွန်စွာနေထိုင်ကြရန်တိုက်တွန်းပါကြောင်း၊ မူးယစ်ဆေးဝါး ၏ ထိန်းချုပ်ခံဘဝများမှ ကင်းကွာပြီး မိမိခြေထောက်ပေါ်မိမိရပ်တည်ကာ စိတ်သစ်၊ လူသစ်ဖြင့် ဘဝသစ်ကိုတည်ဆောက်နိုင်အောင်ကြိုးစားစေလိုကြောင်း၊ ဘဝသစ်တည်ဆောက်ရာတွင် အခြေခိုင် စေရန်အတွက် နောက်ဆက်တွဲစောင့်ရှောက်မှု ( ၁ ) နှစ်ကိုခံယူကြရန် တိုက်တွန်းလိုကြောင်းပြော ကြားခဲ့ပါသည်။

ဆက်လက်၍ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(မြစ်ကြီးနား) ဉီးစီး အရာရှိ ဦးအောင်စည်မှ သင်တန်းကာလအတွင်း ဝိုင်ဝန်းကူညီ ဆောင်ရွက်ပေးကြပါသော ပြည်နယ် အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများအား ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

ထို့နောက် ကချင်ပြည်နယ်၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက သင်တန်း သားများအား သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ သင်တန်းသားများကိုယ်စား သင်တန်းသား တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေး၊ ဘာသာရေးအဖွဲ့အစည်းများ၊ သင်တန်းသားများ စုစုပေါင်း(၈၀) ဦးခန့်တက်ရောက်ခဲ့ပြီး အခမ်းအနားအား (၁၁:၃၀) နာရီအချိန်တွင်ရုတ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR