ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အူကျွန်း (အောက်စု) ကျေးရွာနှင့် ကြခတ်ကုန်းကျေးရွာများ၌ အသိပညာပေးဆောင်ရွက်မှုသတင်း
၁၇ ဩဂုတ် ၂၀၂၄
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးနှင့်
ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်စည်ပင်သာယာရေး
အဖွဲ့၊ မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများနှင့်ပူးပေါင်း၍
(၁၆-၈-၂၀၂၄) ရက်နေ့တွင် ဝါးခယ်မမြို့နယ်၊ အူကျွန်း (အောက်စု) ကျေးရွာနှင့်
ကြခတ်ကုန်းကျေးရွာများ၌ မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိသော ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာဆောင်ရန်/
ရှောင်ရန်အချက်များအား ရပ်ကွက်၊ ကျေးရွာနေပြည်သူများသိရှိစေရန် လိုက်လံနှိုးဆော်အသိပညာပေးခြင်း၊
ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများအား ဆောင်ရွက်ခဲ့ပါသည်။
Source: DDM