လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ နွယ်ခွေကျေးရွာအုပ်စု၊ ရွာသစ် ကျေးရွာငုရွှေဝါလမ်းတွင် (၂၀-၃-၂၀၂၂)ရက်နေ့၊ (၁၉း၄၀)နာရီအချိန်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လုံးဝပျက်ဆီးအိမ်ခြေ (၅)လုံး မီးဘေးသင့်ခဲ့ပြီ အိမ်ထောင်စု(၈)စုမှ လူဦးရေ (၃၃)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် မီးဘေးသင့်အိမ်ခြေ (၅)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၈)အိမ်ထောင်စုစာနှင့် ကိုဗစ် - ၁၉ ကြိုတင်ကာကွယ်ဖို့ အိမ်ထောင်စု (၈)စုအတွက် ဆပ်ပြာ (၈) တောင့်၊ လူဦးရေ(၃၃)ဦးအတွက် Mask (၆၆)ခုတို့အား (၂၃-၃-၂၀၂၂) ရက်နေ့ မင်္ဂလာဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။


Source:  DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း

MOS

DSW

DDM

DOR