၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၂၅) ရက်၊                                                                                   နေပြည်တော်                                 

                             “ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့်ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၁)” သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပ ခဲ့ပါသည်။

                    သင်တန်းဆင်းပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးနေဝင်း က ယနေ့ အခမ်းအနားသည် ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် ပထမဆုံးအကြိမ် ဖွင့်လှစ်သည့် သင်တန်းဖြစ်သည့်အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ပထမအကြိမ်ဖွင့်လှစ်သည့် “ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း ကျွမ်းကျင်မှု သင်တန်း” သင်တန်းဆင်းပွဲအခမ်းအနားဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်တဲ့ ပထမအကြိမ်သင်တန်းကို  (၇-၆-၂၀၂၁)ရက်နေ့မှ (၂၅-၆-၂၀၂၁)ရက်နေ့အထိ (၃)ပတ်ကြာ ဖွင့်လှစ်ခဲ့ပါကြောင်း၊ သင်တန်းဖွင့်ပွဲ တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဂုဏ်ပြုစကား ချီးမြှင့်ခဲ့ပြီး ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ တက်ရောက်ခဲ့ခြင်းနှင့် သင်တန်းတွင် ဒုတိယဝန်ကြီး ကိုယ်တိုင် သင်ခန်းစာများပို့ချခဲ့ပြီး သင်တန်းအပေါ် အသိအမှတ်ပြု၊ အလေးထားခဲ့သည့်အတွက် ဦးစီးဌာနအတွက် များစွာဂုဏ်ယူပါကြောင်း၊ သင်တန်းတွင် ပို့ချခဲ့သည့် ဘာသာရပ်များသည် ဝန်ထမ်းများအတွက် မဖြစ်မနေသိရမည့်အပြင် တန်ဖိုးရှိသည့် ဘာသာရပ်များ ဖြစ်ပါကြောင်း၊ မိမိကိုယ်တိုင်လည်း သင်တန်းအချိန်များတွင် သင်ခန်းစာများ ပို့ချခြင်းနှင့် နားထောင်ခြင်းများ ဆောင်ရွက်ခဲ့သည့်အတွက် ပြင်ပနည်းပြများနှင့် ဌာနတွင်း နည်းပြများ၏ သင်ကြားမှုကို လေ့လာခွင့်ရခဲ့ပြီး နည်းပြများကို ကျေးဇူးတင်ပါကြောင်း၊ အဘက်ဘက်က ဝိုင်းဝန်း ဆောင်ရွက်ပေးတဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများကို ကျေးဇူး တင်ပါ ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်းများကို ယခင်ကထက် နားလည်လာမည်ဟုယုံကြည်ပါကြောင်း၊ သင်တန်း မှာ သင်ပေးလိုက်သော အသိပညာ၊ ဗဟုသုတတွေကို စာတွေ့၊ လက်တွေ့ အသုံးချစေလိုပါကြောင်း၊ သင်တန်းမှာ သင်တန်းဆင်း အရည်အချင်းစစ်ဆေးခြင်း စာမေးပွဲကျင်းပခဲ့သလို သင်တန်း တစ်လျှောက်တစ်ဦးချင်း၏ ဆောင်ရွက်ချက်များအပေါ် မူတည်ပြီး ပထမ၊ ဒုတိယ၊ တတိယဆု များကို ချီးမြှင့်ပေးသွားမည့်အပြင် ဦးစီးဌာနတွင် မှတ်တမ်းတင်သွားမည်ဖြစ်ပါကြောင်း၊ ဆုရရှိသူများကို ဂုဏ်ယူပါကြောင်းနှင့် ဆုမရရှိသူများအနေဖြင့် အားမငယ်ဘဲ ပေးအပ်တဲ့ တာဝန်ဝတ္တရားများကို ယခင်ကထက် ပိုမိုတာဝန်ကျေပွန်အောင် ဆောင်ရွက်စေလိုပါကြောင်း၊ သင်တန်းသား/သူများ အနေဖြင့် “ထမ်းဆောင်ရမည့် တာဝန်၊ လိုက်နာရမည့် စည်းကမ်း၊ စောင့်ထိန်းရမည့်ကျင့်ဝတ်” များကို အထူးဂရုပြု လေးစားလိုက်နာခြင်းဖြင့် မိမိကိုယ်တိုင်နှင့်ပတ်ဝန်းကျင်အတွက်ပါ အကျိုးကျေးဇူး ရှိမည့် အရာများကို ဆောင်ရွက်နိုင်တဲ့ နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ကြပါစေကြောင်း ပြောကြားခဲ့ပါသည်။

                    သင်တန်းဆင်းပွဲအစီအစဉ်အရ ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ သင်တန်းသား ကိုယ်စားလှယ်တစ်ဦးမှ သင်တန်းသားများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ခြင်းနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

                   

                                     သင်တန်းဆင်းပွဲသို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဦးစီးဌာနမှ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းသား/သင်တန်းသူများ၊ စုစုပေါင်း (၄၈)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏နှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားနာ ရွတ်ဖတ်ပူဇော်ခြင်းနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပခြင်း
နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း က ငလျင်ဘေးသင့်ဝန်ထမ်းများသို့ အလှူငွေ၊ ဆန်၊ ဆီ၊ မုန့်မျိုးစုံ၊ အသုံးအဆောင် ပစ္စည်းများထောက်ပံ့ခြင်းနှင့် အားပေးစကားပြောကြားခြင်း
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ထမ်းများသို့ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက လှူဒါန်းငွေနှင့် ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်း

MOS

DSW

DDM

DOR