ကရင်ပြည်နယ်ရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ခြင်းအနေဖြင့် အဘိုး အဘွား တစ်ဦးလျှင် တစ်လ ၁၀,၀၀၀ နှုန်းဖြင့် (၃) လ တစ်ကြိမ် ထောက်ပံ့လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) အတွက် ကရင်ပြည်နယ်ရှိ မြို့နယ် (၇) မြို့နယ်မှ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အသက် (၈၅) နှစ် နှင့်အထက် ဘိုးဘွား စုစုပေါင်း ၅၈၂၅ ဦးအတွက် ထောက်ပံ့ငွေ စုစုပေါင်း ၁၇၄,၇၅၀,၀၀၀/- ကျပ်အား ထောက်ပံ့ခဲ့ပါသည်။ အဆိုပါထောက်ပံ့ငွေများအား သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်နှင့်ကျေးရွာအတွင်းရှိ သက်ကြီးဘိုးဘွား များအား အိမ်တိုင်ရာရောက် ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိပါသည်။ 

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း

MOS

DSW

DDM

DOR