လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းသည် (၁၂.၉.၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှမွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများနှင့်စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်ကလေးသူငယ်များ၊အမျိုးသမီးများ၊သက်ကြီး ဘိုးဘွားများ၊မသန်စွမ်းသူများ၊အဓိကအားဖြင့်ထိခိုက်လွယ်အုပ်စုများကိုလူ့ဘဝတစ်သက်တာလုံးလွှမ်းခြုံမှုရှိစေရန်ရည်ရွယ်၍ ရေးဆွဲထားရှိသည့် မြန်မာနိုင်ငံ၏လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ပါလုပ်ငန်းစဉ်များကို  ၂၀၁၄ ခုနှစ်တွင် ရေးဆွဲခဲ့ပြီး ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၌ အကျုံးဝင်သည့်အကျိုးခံစားခွင့်ရှိသူများ၏အချက်အလက်များကိုလူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာသတင်းအချက်အလက်စနစ် အသုံးပြု၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွက်ဧရာဝတီတိုင်းဒေသကြီးမှအကျိုးခံစားခွင့်ရှိသူကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးငယ်စုစုပေါင်း(၁၁၈,၇၆၆)ဦးအတွက်ထောက်ပံ့ပေးသွားမှာဖြစ်ပါကြောင်း၊လူမှုရေးပင်စင်အစီအစဉ်အနေဖြင့်အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၃၁၇၇၂)ဦးကို စက်တင်ဘာလကုန်တွင်ထောက်ပံ့နိုင်ရေးဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိတည်ထောင်ခွင့်ပြုမိန့်ရရှိပြီးသောဂေဟာ/ရိပ်သာ(၃၁)ခု၊ စေတနာညကျောင်း(၂)ကျောင်း၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း(၁၀၀)ကျောင်းတို့အတွက်ထောက်ပံ့ကြေးများပေးအပ်သွားမှာဖြစ်ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့်အတူ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပြည်သူလူထုအားလုံးက  ဟန်ချက်ညီညီဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် လူမှုရေးအကူအညီလိုအပ်သူများသည်မိမိကိုယ်မိမိယုံကြည်ချက်ရှိစွာရပ်တည်လာနိုင်ပြီးနိုင်ငံတော်အတွက်အားကိုးအားထားဖြစ်ရသော လူ့စွမ်းအားအရင်းအမြစ်များဖြစ် လာစေလိုကြောင်းပြောကြားခဲ့ပါသည်။

အခမ်းအနားအစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် နိုင်ငံရဲ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များကို  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ   လူ့စွမ်းအား အရင်းအမြစ်ရဲ့အခြေခံအကျဆုံးဖြစ်သော ကလေးသူငယ်ဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုယ်ဝန်ဆောင်စဉ်မှစ ဖွံ့ဖြိုးမှုရရှိစေရန်အတွက် လူ့ဘဝအစ ရက်(၁၀၀၀)အတွင်းက‌လေးများ ကျန်းမာ၊ ဖွံ့ဖြိုး ဉာဏ်ရည်ရေးကိုရှေးရှု၍  ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီး၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကစတင်၍ အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊  ဒါ့အပြင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်ကစ၍ လူမှုရေးပင်စင်ထောက်ပံ့ပေးနေကြောင်း၊ ဘိုးဘွားရိပ်သာ၊ ပရဟိတဂေဟာ၊ အမျိုးသမီးစောင့်ရှောက်ရေးဂေဟာ၊ စေတနာမူလတန်းညကျောင်း၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများကိုလည်း နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ထောက်ပံ့မှုများကို ရပ်ရွာနဲ့တိုင်းဒေသကြီးအကျိုးအတွက် မှန်ကန်စွာ ဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း၊ ထောက်ပံ့မှုများကို စီစဉ်ပေးပါသော ပြည်ထောင်စုဝန်ကြီးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသွားပါသည်။

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးငယ်များ၊ အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများအတွက်ထောက်ပံ့ကြေးများကိုဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းထံသို့ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးတို့က ထောက်ပံ့ကြေးများကို ဂေဟာ၊ ရိပ်သာ တာဝန်ခံများသို့ ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် ဂေဟာ/ရိပ်သာများကိုယ်စား  ဟင်္သာတဘိုးဘွားရိပ်သာမှ ဂေဟာမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က  အခမ်းအနားသို့တက်ရောက်လာသည့်ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက်(၂)နှစ်အောက်ကလေးများကိုထောက်ပံ့ကြေးများ ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၃- ၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၃) လပတ်အတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ အသက် (၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများနှင့်စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ထောက်ပံ့ကြေးစုစုပေါင်း (၆၂၇၉.၅၄၉) ကျပ်သန်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးသည်ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိလူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံ၍နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များကိုရှင်းလင်းပြောကြားပြီး ဩဝါ ဒစကားပြောကြားကာဝန်ထမ်းများ၏လိုအပ်ချက်များတင်ပြမှုအပေါ်ဖြည့်ဆည်းဆောင်ရွက်များပြုခဲ့ပါသည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့နယ်၊ ချောင်းသာမြို့၊ အမှတ်(၃) ရပ်ကွက်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ၂၀၂၂ နှစ်ကုန်ပိုင်းက တည်ဆောက်ပြီးစီးခဲ့သော Shelter သို့ သွားရောက်ကြည့်ရှုပြီး Shelter ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် သာမန်အခြေအနေတွင် မူလတန်းကြိုကျောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွဲဖက်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရန်၊ ဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် ခိုလှုံရာနေရာအဖြစ် အချိန်မရွေးအသုံးပြုနိုင်ရေး ထိန်းသိမ်းကြရန်တို့ကို လမ်းညွှန်မှာကြားခဲ့ပါကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း နေပြည်တော်အတွင်းရှိသက်ကြီးဘိုးဘွားများ၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ထိခိုက်လွယ်အုပ်စုများသို့ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားနှင့် မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံသံရုံး ယာယီတာဝန်ခံ/ သံအမတ်အား လက်ခံတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီးအားလက်ခံတွေ့ဆုံခြင်းနှင့်မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီ(၁/၂၀၂၃)အစည်းအဝေးသို့တက်ရောက်ခြင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်းNSPAW Phase II (၂၀၂၃-၂၀၃၂)၏လုပ်ငန်းနယ်ပယ်(၁၂)ရပ်အလိုက်ရေးဆွဲထားသည့်စီမံချက်လုပ်ငန်းစဉ်(မူကြမ်း)များနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. MarcoluigiCorsiအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းသည် ဧရာဝတီတိုင်းဒေသကြီးတွင် မြစ်ကမ်းပါးနိမ့်ကျမှုကာကွယ်ရေးလုပ်ငန်းနှင့်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနငယ်များသို့သွား‌ရောက်ကြည့်ရှုခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များ၊ သက်ကြီးဘိုးဘွားများ၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ထောက်ပံ့ကြေးပေးအပ်ခြင်း၊ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်းနှင့် ချောင်းသာမြို့နယ် School CumShelterသို့သွား‌ရောက်ကြည့်ရှုခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီးအတွင်းရှိလူမှုဝန်ထမ်းဦးစီးဌာနနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးများ၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ မူလတန်းကြိုကျောင်း၊ ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံနှင့် ဘိုးဘွားရိပ်သာသို့သွားရောက်စစ်ဆေးခြင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း အား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagiက လာရောက်တွေ့ဆုံခြင်းနှင့် မိုခါဆိုင်ကလုန်းမုန်တိုင်းသင့်ဒေသများအတွက်ပြန်လည်ထူထောင်ရေးဆိုင်ရာပစ္စည်းများပေးအပ်လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်

MOS

DSW

DDM

DOR