ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် (၂.၁၁.၂၀၂၂) ရက်နေ့မှ (၃.၁၁.၂၀၂၂) ရက်နေ့အထိ ကျင်းပပြုလုပ်သည့် 2022 ASEAN-ICT Forum on Child Online Protection သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကိုယ်စားလူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မေနုနှင့် ကိုယ်စားလှယ်(၁) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။

     အဆိုပါ ဖိုရမ်သို့ အာဆီယံနိုင်ငံများမှ ASEAN Senior Officials Meeting on Social Welfare and Development (SOMSWD) နှင့် The ASEAN Commission on the Promotion and Protection of the Rights of Women and Children (ACWC) ဆိုင်ရာ ကိုယ်စားလှယ်များ၊ UNICEF East Asia and the Pacific Regional Office မှ တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပညာရှင်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာမှ IT ပညာရှင်များ၊ နည်းပညာအသုံးပြုသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက In-person နှင့် Online တို့ဖြင့် ပါဝင်တက်ရောက်ကြပါသည်။

     ဖိုရမ်တွင် ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံများမှ Child Online Protection ဆိုင်ရာ ဆောင်ရွက်မှုအတွေ့အကြုံများ၊ UNICEF မှ တာဝန်ရှိသူများက ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ စံနှုန်းများ၊ စီမံချက်များ၊ တက္ကသိုလ်များမှပညာရှင်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာမှ IT ပညာရှင်များ၊ နည်းပညာအသုံးပြုသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက Child Online Protection နှင့်ပတ်သက်၍ ကျင့်သုံးနေသည့် မူဝါဒများ၊ လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

       2022 ASEAN-ICT Forum on Child Online Protection သို့ ပါဝင်တက်ရောက်ခြင်းဖြင့် Child Online Protection ဆိုင်ရာ အာဆီယံနိုင်ငံများမှဆောင်ရွက်နေမှုများ၊ ကလေးသူငယ်များ Online အသုံးပြုရာတွင် ရရှိနိုင်သည့်ဆိုးကျိုးများနှင့် Online အသုံးပြု၍ ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်မှုအစီအစဉ်များကို လေ့လာသိရှိခြင်း၊ နိုင်ငံအတွင်းလိုက်နာကျင့်သုံးခြင်းဖြင့် Online အသုံးပြု၍ ကလေးသူငယ်များအပေါ် အလွဲသုံးခြင်းများမှ ကလေးသူငယ်များအားကာကွယ်စောင့်ရှောက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါသည်။


နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ မြစိမ်းရောင်ကျေးရွာနှင့် နန်းတော်ဦးကျေးရွာတို့၌ မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိ သော လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/‌ရှောင်ရန် အချက်များအား အသိပညာ ပေးမှုသတင်း
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း(မြို့နယ်အဆင့်)အမှတ်စဉ် (၄/၂၀၂၄) ဖွင့်လှစ်မှုသတင်း
ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရွှေနံ့သာစျေး၊ ရွှေနံ့သာရပ်ကွက်၊ ငန်းစပ်၊ မောင်းရမ်း၊ သဲကုန်း၊ မင်းကုန်း၊ ကျွဲရှင်း၊ မအူလေးပင်နှင့် ဆည်ကန်ကျေးရွာများတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR