လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်​နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိန္ဒိယနိုင်ငံ၊ အန်ဒမန်နှင့် နီကိုဘားကျွန်းရှိ ပိုးဘလဲအကျဉ်းထောင်၌ သတ်မှတ်ပြစ်ဒဏ်ကျခံ ပြီးနောက် လွတ်‌မြောက်လာသည့် မြန်မာနိုင်ငံသား (၄၂)ဦးနှင့် နီကိုဘားကျွန်းတောင်ဘက်တွင် ရေမျောနေသဖြင့် အိန္ဒိရေယာဉ်မှ ကယ်ဆယ်ခဲ့သည့်  မြန်မာရေလုပ်သား(၁)ဦး၊ စုစုပေါင်း (၄၃)ဦးတို့သည် (၂၄-၁၁-၂၀၂၂) ရက်နေ့ (၂၁:၂၀) အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ‌လာသော  မြန်မာနိုင်ငံသား(၄၃)ဦးအား ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး-(ကျားလုံချည်၊တီရှပ်၊ထဘက်၊ဆပ်ပြာ)၊ ခရီးစရိတ်နှင့် စားစရိတ် စုစုပေါင်း (၁၀၆၁၀၀၀/-) တို့အား ဘေးသင့်ပြည်သူများ လက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR