၈-၁၁-၂၀၂၁                                                                                           နေပြည်တော်

          လူမှုဝန်ထမ်းဦးစီးဌာန၏ ဖွဲ့စည်းပုံတိုးချဲ့ပြင်ဆင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်း အဝေးအား ယနေ့မွန်းလွဲပိုင်းတွင် ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ပါသည်။

          ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားရာတွင် ဖွဲ့စည်းပုံတိုးချဲ့ရာတွင် အခြေခံမူ အားဖြင့် ဌာန၏ လက်ရှိ မူရင်းဖွဲ့စည်းပုံ  အင်အားကိုမပြောင်းလဲဘဲ ဌာနမှ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော UNCRC ၊ UNCEDAW ကို ပီပီပြင်ပြင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ လူမှုဝန်ထမ်းလုပ်ငန်းရပ်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အခြေခံ၍ စဉ်းစားဆောင်ရွက်နှင့် နှစ်ရှည်စီမံချက်အနေဖြင့် Social Work Institute တည်ထောင်နိုင်ရန် တိုးချဲ့သည့် ဖွဲ့စည်းပုံကို စဉ်းစားဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများမှ ရှိရင်းဖွဲ့စည်းပုံ၊ လက်ရှိဖွဲ့စည်းပုံနှင့် ထပ်မံတိုးချဲ့ဖွဲ့စည်းလိုသည့် ဖွဲ့စည်းပုံတို့နှင့်ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းများကို  ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။ 

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR