၈-၁၁-၂၀၂၁                                                                                           နေပြည်တော်

          လူမှုဝန်ထမ်းဦးစီးဌာန၏ ဖွဲ့စည်းပုံတိုးချဲ့ပြင်ဆင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်း အဝေးအား ယနေ့မွန်းလွဲပိုင်းတွင် ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ပါသည်။

          ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားရာတွင် ဖွဲ့စည်းပုံတိုးချဲ့ရာတွင် အခြေခံမူ အားဖြင့် ဌာန၏ လက်ရှိ မူရင်းဖွဲ့စည်းပုံ  အင်အားကိုမပြောင်းလဲဘဲ ဌာနမှ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော UNCRC ၊ UNCEDAW ကို ပီပီပြင်ပြင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ လူမှုဝန်ထမ်းလုပ်ငန်းရပ်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အခြေခံ၍ စဉ်းစားဆောင်ရွက်နှင့် နှစ်ရှည်စီမံချက်အနေဖြင့် Social Work Institute တည်ထောင်နိုင်ရန် တိုးချဲ့သည့် ဖွဲ့စည်းပုံကို စဉ်းစားဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများမှ ရှိရင်းဖွဲ့စည်းပုံ၊ လက်ရှိဖွဲ့စည်းပုံနှင့် ထပ်မံတိုးချဲ့ဖွဲ့စည်းလိုသည့် ဖွဲ့စည်းပုံတို့နှင့်ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းများကို  ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။ 

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု

MOS

DSW

DDM

DOR