ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၃) ကိုယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဘာသာရပ်ဆိုင်ရာတာဝန်ခံများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌကအဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း(UNCRC) ကို (၁၅-၈-၁၉၉၁) ရက်နေ့တွင် အဖွဲ့ဝင်အဖြစ်အတည်ပြုပါဝင်ခဲ့ပြီးသက်ဆိုင်ရာနောက်ဆက်တွဲစာချုပ် (၂) ခုကိုလည်းပါဝင်လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများအား အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီကိုလည်း ဖွဲ့စည်းထားရှိပါကြောင်း၊ ပရဟိတဂေဟာများတွင် ကလေးသူငယ်များ လက်ခံစောင့်ရှောက်မှုနှင့်ပတ်သက်၍ လေ့လာဆန်းစစ်တွေ့ရှိချက်၊ အကြံပြုချက်များနှင့်အညီ လိုအပ်သည့်မူဝါဒလုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ကလေးသူငယ် များအတွက် အချိန်နှင့်တစ်ပြေးညီချိတ်ဆက်ကူညီပေးနိုင်ရန်ဖြစ်ရပ်စီမံခန့်ခွဲမှုစနစ် (CMIS Software) ကို၂၀၂၁ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပြီး (၁၈.၅.၂၀၂၃) ရက်နေ့တွင် စတင်အသုံးပြုနိုင်ခဲ့ပါကြောင်း၊ ကလေးသူငယ်တိုင်းအခွင့်အရေးများပြည့်ဝစွာရရှိခံစားနိုင်ရေးအတွက်ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းဆွေးနွေးအကြံပေးကြစေလိုကြောင်းတိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီ၊ အတွင်းရေးမှူး၊လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၂) ဆုံးဖြတ်ချက်အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့်  ဘာသာရပ်ဆိုင်ရာညွှန်ကြားရေးမှူးကပရဟိတဂေဟာများလေ့လာဆန်းစစ်တွေ့ရှိမှုများအားလည်းကောင်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီဝင်များမှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာအကောင်အထည်ဖော်ဆောင်ရွက်မှုများကိုရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌကကလေးသူငယ်တိုင်းသည်  အနာဂတ်အတွက် အရေးကြီးပါကြောင်း၊ အခွင့်အရေးများကိုအပြည့်အဝဖော်ဆောင်ပေးရန်မှာမိမိတို့၏ တာဝန်ဖြစ်ပါကြောင်းပရဟိတဂေဟာများလေ့လာဆန်းစစ်မှုဆောင်ရွက်ခြင်းဖြင့် လွဲမှားစွာပြုမူနေသည်များကိုသိရှိရပြီးလမ်းကြောင်းတည့်မတ်ပေးနိုင်ခြင်းဖြင့်ကလေးသူငယ်များအတွက် အကျိုးကျေးဇူးရရှိနိုင်မည်ဖြစ်ပါကြောင်းနိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီးအစည်းအဝေးကိုမွန်းလွဲ(၁၂း၁၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေးကို စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြလုပ်ခဲ့ရာ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင်  သက်ကြီးရွယ်အိုများဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းများ၏ ဆောင်ရွက်နေသည့်အခြေအနေများနှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဖွဲ့စည်းထားရှိပြီးဖြစ်သည့် ဒေသဆိုင်ရာသက်ကြီးရွယ်အိုများဆိုင်ရာ ‌ကော်မတီများ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းပြီးအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသက်ကြီးပုဂ္ဂိုလ်များဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ(ပထမအကြိမ်)ကို ပြည်ထောင်စုအစိုးရအဖွဲ့မှ မှတ်တမ်းတင်ခွင့်ရရှိပြီးဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများအား ထောက်ပံ့ရေးနှင့် ကြည့်ရှုစောင့်ရှောက်ရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းသို့မဟုတ် ကိုယ်ပိုင်အုပ်ခွင့်ရဒေသ၊ ခရိုင်နှင့်မြို့နယ်အဆင့် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီများကို သက်ကြီးရွယ်များဆိုင်ရာ ဥပဒေအပိုဒ်၁၀(ခ)နှင့်အညီ လက်ရှိတွင်ခရိုင်အဆင့်(၄၉)ခု၊ မြို့နယ်အဆင့်(၁၅၆)ခု ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်းနှင့် ကျန်ရှိနေသော ခရိုင်/ မြို့နယ်များတွင်လည်း ဆက်လက်ဖွဲ့စည်းသွားရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

အစည်းအ‌ဝေးတွင် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ လက်ရှိဆောင်ရွက်လျက်ရှိသောလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ၍အစည်းအဝေးတက်ရောက်လာသူများက အကြံပြုဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ (၁၅း၃၀) တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လွင်သာယာကျေးရွာ၊ မင်းကုန်း ကျေးရွာအုပ်စု၊ ဆည်ကန်အနောက်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR