မြန်မာနိုင်ငံအစိုးရ၏ ဆောင်ရွက်ချက်

 

ပြည်တွင်း၊ ပြည်ပစေတနာရှင်ပြည်သူများ လွယ်ကူလျင်မြန်စွာအလှူငွေများ လှူဒါန်းနိုင်ရန် KBZ Pay, Wave Money, CB Pay, AYA Pay နှင့် OK $ တို့မှတဆင့် လှူဒါန်းနိုင်ကြောင်း  နိုင်ငံပိုင် သတင်းစာ၊ ဝန်ကြီးဌာန Webportal နှင့် ဦးစီးဌာန Website တို့တွင် ထည့်သွင်းကြေညာခဲ့

 

တိုင်းဒေသကြီး/ပြည်နယ်အလိုက်ဆောင်ရွက်ခြင်း

 

ရှာဖွေကယ်ဆယ်ရေးစုဖွဲ့ထားရှိမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၃၂၁၄) ဖွဲ့နှင့် ချင်းပြည်နယ်တွင် (၉၄၅) ဖွဲ့ ဖွဲ့စည်းထားရှိခြင်း၊

 

ကျန်းမာရေးဆိုင်ရာစုဖွဲ့ထားရှိမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၁၁၃) ဖွဲ့၊ ချင်းပြည်နယ်တွင် (၇) ဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၆)ဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် (၁၅၇)ဖွဲ့ ဖွဲ့စည်း ထားရှိခြင်း၊

 

ဆေးကုသမှုအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တွင် (၄၁) ဖွဲ့၊ ချင်းပြည်နယ်တွင် (၇) ဖွဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၃)ဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် (၂၁)ဖွဲ့ ဖွဲ့စည်း ထားရှိခြင်း၊

 

 

ဘေးလွတ်ရာကြိုတင်ရွှေ့ပြောင်းမှုအနေဖြင့်

 

ရခိုင်ပြည်နယ်တွင် (၅၇၆၅၉၇) ဦး၊

 

ချင်းပြည်နယ်တွင် (၁၅၀၉) ဦး၊

 

ဧရာဝတီတိုင်းဒေသကြီးတွင် (၂၇၀၈၆၉) ဦးနှင့်

 

ရခိုင်ပြည်နယ်မှ IDP စခန်းများရှိ လူဦးရေ (၆၃၃၀၂)ဦးတို့အား ကြိုတင်ရွှေ့ပြောင်းဆောင်ရွက်ခြင်း၊

 

အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအတွက် မြေပြင်သုံးအမျိုးအစားယာဉ် (မီးငြိမ်းသတ်ယာဉ်၊ မီးသတ်ရေ သယ်ယာဉ်၊ မီးသတ်စက်ယာဉ်နှင့် အထောက်အကူပြုယာဉ်) အစီးရေ (၂၀၃) စီးနှင့် ရေပြင်သုံးအမျိုးအစား ယာဉ် (၁၉) စီးကို ရခိုင်ပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၈၄) စီးနှင့် ရေပြင်သုံး အမျိုးအစားယာဉ် (၁၅) စီးကို ချင်းပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၃၉၅) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၇၇) စီးကို စစ်ကိုင်းတိုင်းဒေသကြီးတွင် လည်းကောင်း၊ မြေပြင်သုံး အမျိုးအစား ယာဉ် (၃၂၇) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၁၁) စီးကို မကွေးတိုင်းဒေသကြီးတွင် လည်းကောင်း အသင့်ထားရှိခြင်း၊

 

ကယ်ဆယ်ရှင်းလင်းရေးအနေဖြင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား (၁၁၄၄)ဦးဖြင့်ဆောင်ရွက်လျက်ရှိခြင်း၊

 

ရေပေးဝေမှုအနေဖြင့် ရခိုင်ပြည်နယ်အတွက် ရေပေးဝေသည့်ဂါလံ (၃၅၀၀၀) ဖြင့် အကျိုးပြုလူဦးရေ (၃၃၀၀၀)ဦးအား ရေသန့်စင်ကား (၄)စီးဖြင့်ဆောင်ရွက်လျက်ရှိခြင်း၊

 

အရေးပေါ်ဆက်သွယ်ရေးကဏ္ဍအနေဖြင့် Satellite Terminal နှင့် Mobile BTS အပါအဝင် ရခိုင်ပြည်နယ်တွင် ဆက်သွယ်ရေးပစ္စည်း (၇) လုံး၊ ချင်းပြည်နယ်တွင် (၂) လုံး ပြင်ဆင်ထားရှိခြင်း၊

 

ကယ်ဆယ်ရေးပစ္စည်းသိုလှောင်မှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၁၀၁၄၆) အိမ်ထောင်စာ၊ ချင်းပြည်နယ်တွင် (၁၃၀၈) အိမ်ထောင်စာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၂၄၈) အိမ်ထောင်စာ၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၅၉၅၅) အိမ်ထောင်စာ၊ မကွေးတိုင်းဒေသကြီးတွင် (၆၅) အိမ်ထောင်စာနှင့် မြို့နယ် DMC ရုံး(၆)ရုံးတွင် (၃၅၅၀)အိမ်ထောင်စုစာ သိုလှောင်ထားရှိခြင်း၊

 

ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်တွင် တာပေါ်လင်(၂၇၃၂)လိပ် ၊ မိုးကာတဲ (၁၁၀၉)လုံး၊ သွပ် (၁၇၇၄၁၆)ချပ်၊ သွပ်သံ (၂၁.၈၄)ပိဿ၊ အိမ်ရိုက်သံ (၆၄၂၄.၂)ပိဿ၊ ချင်းပြည်နယ်တွင် တာပေါ်လင်(၃) လိပ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် တာပေါ်လင်(၁)လိပ်၊ မိုးကာတဲ (၂၀၉)လုံး၊ သွပ် (၇၂၆၉)ချပ်၊ မကွေးတိုင်းဒေသကြီးတွင် မိုးကာတဲ (၁၀၃)လုံး၊ သွပ် (၉၉၀)ချပ်နှင့်စစ်ကိုင်းတိုင်းဒေသကြီတွင် တာပေါ်လင်(၄)လိပ် ၊ မိုးကာတဲ (၅၂၆)လုံး၊ သွပ် (၄၈)ချပ်နှင့် သစ်ခွဲသား (၄၁၃.၆)တန်၊ ခေါက်ဆွဲခြောက် (၂၃၈၈၃၀)ထုပ် တို့ကို ပြင်ဆင်ထားရှိခြင်း၊

 

ကျန်းမာရေးသုံးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်အတွက် ဓါတ်ဆားမှုန့် (၂၁၇၀၀၀)ထုပ်၊ Disaster Kit (၂၂၀)ပုံး၊ Emergency Light (၉၀၀)ခု၊ IEHK (၁၁၄)ပုံး၊ ကလိုရင်းဆေးမှုန့် (၁၀၀)ပုံး၊ အိမ်သာခွက် (၃၀၀၀)ခုနှင့် ရေသန့်ဆေးပြား (၂၂၁၂၀၀၀)ခု၊ ချင်းပြည်နယ်အတွက် ဓါတ်ဆားမှုန့် (၅၅၀၀)ထုပ်၊ Disaster Kit (၈၀)ပုံး၊ Emergency Light (၁၀၀)ခု၊ ကလိုရင်းဆေးမှုန့် (၃၇)ပုံး၊ IEHK (၂၄)ပုံး၊ ရေသန့်ဆေးပြား (၂၂၄၀၀၀)ခု၊ ဧရာဝတီတိုင်းဒေသကြီးအတွက် ဓါတ်ဆားမှုန့် (၅၀၀၀၀)ထုပ်၊ Disaster Kit (၅၄၉)ပုံး၊ IEHK (၃၁)ပုံး၊ ကလိုရင်းဆေးမှုန့် (၅၀)ပုံး၊ ရေသန့်ဆေးပြား (၁၀၀၈၀၀၀)ခု၊ စစ်ကိုင်းတိုင်းဒေသကြီးအတွက် Disaster Kit (၈၇)ပုံး၊ IEHK (၉)ပုံး၊ ကလိုရင်းဆေးမှုန့် (၃၁၅)ပုံး၊ ရေသန့်ဆေးပြား (၁၉၂၀၀၀)ခု၊ မကွေးတိုင်းဒေသကြီးအတွက် ရေသန့်ဆေးပြား (၃၀၀၀၀၀)ခု၊  ကလိုရင်းဆေးမှုန့် (၁၄၂)ပုံး၊ Disaster Kit (၁၀)ပုံး၊ IEHK (၄)ပုံး တို့ကို ပို့ဆောင်ခြင်း၊

 

ကနဦးကွင်းဆင်းစာရင်းကောက်ယူမှုအနေဖြင့်  ရခိုင်ပြည်နယ်တွင် (၁၇)ဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၁)ဖွဲ့နှင့် မကွေးတိုင်းဒေသကြီးတွင် (၁)ဖွဲ့ဆောင်ရွက်လျက်ရှိပါသည်။

 

ဘေးဒဏ်ခံစားရမှုအခြေအနေဖြင့်

 

သေဆုံး  -  ၁၄၅ ဦး

 

ဒဏ်ရာရ  -  ၁၃၁ ဦး

 

နေအိမ်ပျက်စီး  -  ၂၃၄၁၆၁ လုံး

 

စာသင်ကျောင်း  -  ၂၀၅၁လုံး

 

ဘာသာရေး အဆောက်အဦ  -  ၂၄၉၇ လုံး

 

ဆေးရုံ/ဆေးခန်း  -  ၃၂၅ ခု

 

တိရစ္ဆာန်သေဆုံး  − ၂၇၇၂၅ ကောင်

 

လမ်း၊တံတား၊အဆောက်အဦပျက်စီးဆုံးရှုံးမှုအနေဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဆုံးရှုံးမှုတန်ဖိုးကျပ် (၅၅၉.၃၈၇)သန်း ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှု့စစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajidအားလက်ခံတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှု့စစ်ဆေး

MOS

DSW

DDM

DOR