လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊
တနင်္သာရီတိုင်းဒေသကြီဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၁-၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင်
ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ အ.ထ.က (၃)မှ ကျောင်းသား/သူ (၁၀၀)ဦးခန့် တို့အား
သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များနှင့်
ဗွီနိုင်းပိုစတာဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Source: DDM