လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာ၀တီတိုင်း​ဒေသကြီးဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၇-၈-၂၀၂၂)ရက်​နေ့၌ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ​တောင်တန်းကုန်း​ကျေးရွာအုပ်စု၊ မဏ္ဍပ်​ကျေးရွာ၊ ရှမ်း​တော​ကျေးရွာနှင့် ​ရေငန်းစမ်း​ကျေးရွာတို့တွင် ​ရေ​ဘေးဖြစ်ပွားခဲ့ရာ အဆိုပါရေဘေးကြောင့် ပြိုကျပျက်စီး​နေအိမ်(၇)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ(၇၀၀,၀၀ဝ/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး​နေအိမ်(၅၅)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေကျပ်(၁,၆၅၀,၀၀ဝ/-)ကျပ်အားလည်းကောင်း ကံ့​ကော်​ကြော​ကျေးရွာတွင် ​ရေ​ဘေး​ကြောင့် ပြိုကျပျက်စီး​နေအိမ်(၁)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ(၁၀၀,၀၀ဝ/-)ကျပ်၊ ​ ဘေးသင့်လူဦး​ရေ(၆)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေ(၁၂,၆၀ဝ/-)ကျပ်၊ ကယ်ဆယ်​ရေးပစ္စည်းနှင့် စုစု​ပေါင်း​ထောက်ပံ့​ငွေ(၂,၄၆၂,၆၀ဝ/-)ကျပ်အားလည်းကောင်း ရွာ​ဟောင်းကြီးအုပ်စု၊ ရွာ​ဟောင်းကြီး​ကျေးရွာနှင့် စာ​ရေးကွင်း​ကျေးရွာတို့ရှိ ​​ရေဘေးသင့်ပြည်သူများအတွက် ကာ​ဘော်လိပ်ဆပ်ပြာများအား (၁၉-၈-၂၀၂၂)ရက်​နေ့တွင် ​ဘေးသင့်ပြည်သူများလက်၀ယ်အ​ရောက် ​ထောက်ပံ့​ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR