လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်၊ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများလိုက်ပါလျက် (၆.၆.၂၀၂၄) ရက်နေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်၊ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဟိုပုံးမြို့သို့သွားရောက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အသိပညာပေးစင်တာနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံတို့ကိုကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကနိုင်ငံတော်ပိုင်အဆောက်အဦနှင့် ရေ၊ မီး၊ မိလ္လာ၊ အဆောက်အအုံအစရှိသည်တို့ကိုစနစ်တကျထိန်းသိမ်းသုံးစွဲကြရန်၊ စင်တာအတွင်းအပြင် သန့်ရှင်းသပ်ရပ်စေရေးနှင့် မီးဘေးလုံခြုံရေးအမြဲမပြတ်ဆောင်ရွက်ကြရန်၊ ဝန်းခြံအတွင်းအရိပ်ရအပင်နှင့် ရာသီအလိုက် အလှပင်၊ သီးပင်၊ စားပင်များစိုက်ပျိုးထားရှိရန်နှင့် ထောက်ပံ့မှုလုပ်ငန်းများကိုလည်းလုပ်ထုံးလုပ်နည်းများနှင့်အညီထိရောက်မြန်ဆန်စွာဖြင့် ပြည်သူများသို့ဝန်ဆောင်မှုပေးရန်တို့ကိုမှာကြားခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူမှုဝန်ထမ်းဦးစီးဌာန၊ ဟိုပုံးမြို့၊ ကန်သာယာမူလတန်းကြိုကျောင်းသို့ သွားရောက်ပြီး ကလေးငယ်များအား သင်ကြားပြုစု စောင့်ရှောက်နေမှုနှင့် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းထားရှိမှုအခြေအနေများကို ကြည့်ရှုကာ ကလေးငယ်များအားပဲနို့နှင့် အာဟာရမုန့်များပေးဝေခဲ့ပါသည်။ ထို့နောက် မူကြိုဆရာမများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးကလုပ်ငန်းကဏ္ဍအလိုက် ကျရာဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာမများ၊ သက်ဆိုင်ရာဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်နေမှုများကို အသိအမှတ်ပြုတန်ဖိုးထားပါကြောင်း၊နိုင်ငံတော်၏အနာဂတ်ဖြစ်သော ရင်သွေးငယ်များကို ဝန်ကြီးဌာနက သတ်မှတ်ပေးထားသော သင်ရိုးများ၊ သင်ကြားနည်းစနစ်များဖြင့် စနစ်တကျပြုစုစောင့်ရှောက်ပေးကြရန်၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာအလေ့အကျင့်ကောင်းများကို ငယ်စဉ်ကပင် စွဲမြဲစေရေး မပြတ်လေ့ကျင့်သင်ကြားပေးကြရန်တို့ကိုမှာကြားပြီး  လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းငဝန်တာကျိုးပေါက်မှုကြောင့်ရေဝင်ရောက်ခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ်သို့လှည့်လည်ကြည့်ရှု၍ရေဘေးရှောင်ပြည်သူများအားသွားရောက်ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆) တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်

MOS

DSW

DDM

DOR