နေပြည်တော်၊ ဇွန် ၁၀

 

(၃၈) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများဖြစ်သည့် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (ACDM) နှင့် တရုတ် နိုင်ငံ၊ ဂျပန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများနှင့် အာဆီယံ ကဏ္ဍအလိုက်အဖွဲ့အစည်းများ၏အစည်းအဝေးကို (၁၀-၆-၂၀၂၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈:၃၀) နာရီအချိန်မှစ၍ Video Conferencing ဖြင့်ကျင်းပပြုလုပ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်သက်ဆိုင်သည့်ဌာနများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူး ချုပ်ရုံး၊  AHA Centre၊ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှတာဝန်ရှိသူများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်/ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

နံနက်ပိုင်းအစီအစဉ်အဖြစ် ACDM နှင့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံတို့အကြား သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ သဘာဝဘေးစီမံခန့်ခွဲရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ အာဆီယံသဘောတူစာချုပ်၏ လုပ်ငန်းအစီအစဉ် (AADMER Work Programme–AWP) (၂၀၂၁-၂၀၂၅)နှင့်အညီ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်း ဧရိယာများကို ဆွေးနွေးခဲ့ကြပါသည်။

မွန်းလွဲပိုင်းတွင် အာဆီယံ၏ကဏ္ဍအလိုက်အဖွဲ့အစည်းများဖြစ်သော Senior Officials Meeting (SOM), ASEAN Defence Senior Officials Meeting (ADSOM), Senior Officials Meeting on Health Development (SOMHD), Senior Officials Meeting on Social Welfare and Development (SOMSWD) တို့မှ လုပ်ငန်းတိုးတက်ဆောင်ရွက်နိုင်မှုအခြေအနေများ၊ COVID-19 ကူးစက်ရောဂါတုံ့ပြန်ဆောင်ရွက်နေမှုအစီအစဉ်များနှင့် ဒေသတွင်းစီမံကိန်းများတွင် ပူးပေါင်းဆောင် ရွက်မှုအခြေအနေများ ဆွေးနွေးခဲ့ကြပါသည်။

Source: DDM 

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR