အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ပြီး အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းနှင့် တာဝန်ရှိ သူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ CPU အဖွဲ့ဝင်များအပါအဝင် (၂၁၈) ဦး တက်ရောက်ခဲ့ကြသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကား ပြောကြားရာ အဂတိဆိုသည်မှာ အကျင့်စာရိတ္တပျက်စီးခြင်းဖြစ်ပါကြောင်း၊ အဂတိလိုက်စား မှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခြင်း ဖြင့် အဂတိလိုက်စားမှုမြောက်သည့်ကိစ္စရပ်များ၊ နိုင်ငံတော်ထိခိုက်နစ်နာစေမည့် အဂတိ လိုက်စားမှုမြောက်သည့်ကိစ္စရပ်များ၊ အဂတိလိုက်စားမှုမဖြစ်ပေါ်ရန် တားဆီးကာကွယ် နိုင်မည့်နည်းလမ်းများ၊ ဥပဒေ၊ နည်းဥပဒေများ၊ ပြစ်မှု၊ ပြစ်ဒဏ်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီးရှောင်ကြဉ်လာနိုင်မည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများကြောင့် လူတစ်ဦး ချင်းစီ၏ အကျင့်စာရိတ္တများပျက်စီးလာခြင်း၊ မျှတမှုရှိသည့်ယှဉ်ပြိုင်လိုစိတ်နှင့် ကိုယ်ရည် ကိုယ်သွေးများကျဆင်းလာခြင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေ ခြင်းနှင့် မညီမျှခြင်းများဖြစ်လာနိုင်ကြောင်း၊ အဂတိလိုက်စားမှုများသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ကျဆင်းစေပြီး နိုင်ငံ၏အုပ်ချုပ်ရေးယန္တယား၊ စီးပွားရေးလုပ်ငန်းများ အပါအဝင် ဘက်ပေါင်းစုံကို ယိုယွင်းပျက်စီးစေနိုင်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ အများစုတွင်  သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ကျင့်သုံးလျှက်ရှိ သည်ကို လေ့လာတွေ့ရှိနိုင်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာဆောင်ရွက်ရန်၊ ကျောသားရင်သားမခွဲခြားဘဲ မျှတစွာ ဆောင်ရွက်ရန်၊ စိတ်ကောင်းစေတနာကောင်းထားရှိရန်နှင့် မိမိတာဝန်မိမိကျေပွန်စွာ ထမ်းဆောင်ကြရန်၊ အဂတိလိုက်စားမှုကို ရှောင်ကြဉ်ကြရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း ဝန်ကြီးဌာနအဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU)ကိုဖွဲ့စည်းပြီး အဂတိလိုက်စားမှုလျော့နည်းပပျောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊  ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အသိအမြင်ဗဟုသုတများကို မိမိပတ်ဝန်းကျင်နှင့် မိမိအဖွဲ့အစည်းသို့ တဆင့်ပြန်လည်မျှဝေပေးကြရန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ကြရန်နှင့် မိမိအကျိုးနှင့် အများအကျိုးဆောင်ရွက်ရာတွင် အဂတိ လိုက်စားမှုကင်းဝေးကြစေရေးဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာ၌ ကော်မရှင်အနေဖြင့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် အဂတိလိုက်စားမှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့သို့ဆောင်ရွက် ရာတွင် အဂတိလိုက်စားမှုများကို မဖြစ်မီ ကြိုတင်ကာကွယ်တားဆီးရန်အတွက် အသိပညာ ပေးခြင်းနှင့် တားဆီးကာကွယ်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူတစ်ဦးချင်းအပေါ်သို့  ကြီးမားစွာ တိုက်ရိုက်သက်ရောက် နေသော ဖိစီးမှုများဖြစ်ပေါ်စေသည့် အသေးစားအဂတိလိုက်စားမှုများကို လျော့နည်း ကျဆင်းစေရန်၊ နိုင်ငံတော်အစိုးရက ပြည်သူလူထု၏ လိုအပ်ချက်များနှင့်အညီ လုပ်ဆောင် ပေးနေသည့် ဝန်ဆောင်မှုများကို ပြည်သူလူထုထံသို့ ပိုမိုပြည့်စုံကောင်းမွန်စွာ ဖြည့်ဆည်း ပေးနိုင်ရန်၊ ပြည်သူ့ဘဏ္ဍာဆုံးရုံးမှုလျော့နည်းရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ ကော်မရှင်အပါအဝင် ပြည်ထောင်စု ဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ၁၄ ခု တို့တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) များကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ CPU များ၏ လုပ်ငန်းတာဝန် ၃ ရပ် နှင့် အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် ၆ ရပ်တို့ကိုချမှတ်ပြီး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ CPU များအတွက်ချမှတ်ထားသည့် လုပ်ငန်းအစီအစဉ် ၆ ရပ် အနက် ဆဋ္ဌမမြောက်အချက်ဖြစ်သည့် အများပြည်သူထံမှတုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) ကို အသုံးပြု၍ အသေးစားအဂတိလိုက်စားမှုများ လျှော့ချနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ CPU များ၏ လုပ်ငန်းတာဝန်များ ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် လိုအပ်သည့်နည်းပညာဆိုင်ရာသင်တန်းများပို့ချပေးခြင်း၊ PFP အစီအစဉ် အသုံးပြုသည့်ဌာနများအတွက် လိုအပ်သည့်အသုံးပြုနည်းသင်တန်းများ ပို့ချ ပေးခြင်းများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေး က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပိုင်ဆိုင်မှု ကြေညာလွှာစိစစ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်က အဂတိလိုက်စားမှု၏ သဘောသဘာဝများနှင့်စပ်လျဉ်း၍လည်းကောင်း၊ တားဆီးကာကွယ်ရေးဌာနခွဲမှ ညွှန်ကြား ရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာကိစ္စ ရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး         ဦးသော်သော်နိုင်က စုံစမ်းစစ်ဆေးရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်း ခေါင်းဆောင်၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံ များ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အထက်ပေကုန်းကျေးရွာအုပ်စု၊ အထက်ပေကုန်းကျေးရွာနှင့် တြိန်း ကျွန်းကျေးရွာအုပ်စု၊ အောင်လှိုင်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးအတွက် ထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR