လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်
(၂၅-၇-၂၀၂၄) ရက်နေ့တွင် ကျုံပျော်ခရိုင်၊
ရေကြည်မြို့နယ်၊ (ရှေ့ဆောင်၊ ငဝန်) ဒေါင်ကြီးဘက်ကျေးရွာအုပ်စုတို့တွင် ငဝန်မြစ်ရေတက်မှုကြောင့် ရွှေပရိတ်ဓမ္မာရုံ၊ သောင်ဖျားဘုန်းတော်ကြီးကျောင်း (မြစ်ဆယ်ဓမ္မာရုံ) သို့ယာယီ ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စု (၁၉) စုမှ လူဦးရေ
(၇၅) ဦးတို့အတွက်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၅၇,၅၀၀ိ/-)နှင့် ကာဘော် လစ်ဆပ်ပြာ (၁၉)တောင့်အား (၂၆-၇-၂၀၂၄) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM