လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ အောင်သာကျေးရွာအုပ်စု၊ အောင်သ‌ပြေကျေးရွာအနီး (၂၇-၃-၂၀၂၃)ရက်နေ့၊ (၁၃:၀၀)အချိန်တွင် တောမီးလောင်ကျွမ်းခဲ့ရာမှ အောင်သ‌ပြေကျေးရွာရှိနေအိမ်(၁)လုံးအားမီးကူးစက်လောင်ကျွမ်းခဲ့ပါသဖြင့်မီးဘေးကြောင့်လုံးဝပျက်စီးဆုံးရှုံးခဲ့သော နေအိမ်(၁)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၀,၅၀ဝိ/-)၊စုစုပေါင်းထောက်ပံ့‌ငွေ(၁၁၀,၅၀ဝိ/-)နှင့်(၄၈,၅၁၁/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုးပါထောက်ပံ့ပစ္စည်းပုံး(၁)ပုံးတို့အား(၂၉-၃-၂၀၂၃)ရက်နေ့၊(၀၉:၀၀)နာရီအချိန်တွင်လယ်ဝေးမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ဘေးသင့်ပြည်သူများလက်ဝယ်သို့ ‌ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း

MOS

DSW

DDM

DOR