လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာအုပ်စု၊ ရွာမကျေးရွာ၌ (၈-၄-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၈၅,၀၀ဝ/-)၊ အိမ်ထောင်စု (၉)စုမှ လူဦးရေ (၄၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၉၀,၃၀ဝ/-)ကျပ်နှင့် surgical mask (၈၆)ခု၊ စုစုပေါင်းထောက်ပံ့ငွေ (၂၇၅,၃၀၀/-) ကျပ်တို့အား (၂၆-၄-၂၀၂၂) ရက်နေ့၊  နံနက် (၀၉:၃၀)နာရီအချိန်တွင် ရွှေလောင်းမြို့၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း

MOS

DSW

DDM

DOR