လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်      အင်ဒိုနီးရှားနိုင်ငံ၊ ဘာတန်မြို့ရှိ အဏ္ဍဝါလုပ်ငန်းနှင့် ငါးသယ်ဇာတစခန်းတွင် ထိန်းသိမ်းထား ရှိသည့် မြန်မာနိုင်ငံသား (၅)ဦးအား (၂-၁၁-၂၀၂၃) ရက်နေ့တွင် လေကြောင်းအမှတ်၊ 8M 502 ဖြင့် ကွာလာလမ်ပူ-ရန်ကုန် ခရီးစဉ်အတိုင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၁၃:၁၅) အချိန်တွင် ရောက်ရှိခဲ့ပါသည်။ အဆိုပါ မြန်မာနိုင်ငံသား(၅)ဦးအား လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာလေဆိပ်အဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ လူကုန်တားရဲတပ်ဖွဲ့၊ ကျန်းမာရေးအဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းရေးအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန ပူးပေါင်းကြိုဆိုဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ မြန်မာနိုင်ငံသား (၅)ဦး အနက် ရန်ကုန်တိုင်းဒေသကြီးမှ (၂)ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၁)ဦး၊ မွန်ပြည်နယ်မှ (၁)ဦး၊ ရခိုင်ပြည်နယ်မှ (၁)ဦး၊ စုစုပေါင်း (၅)ဦးဖြစ်ပါသည်။ မြန်မာနိုင်ငံသား (၅)ဦးအား ကြိုဆို ဆောင်ရွက်ခြင်းနှင့် ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ကျားလုံချည်(၅)ထည်၊ တဘက်(၅) ထည်၊ ဆပ်ပြာ (၅)ထောင့်၊ တီရှပ်(၅)ထည်၊ ခရီးစရိတ်(၁၃၅,၅၀ဝ)ကျပ်နှင့် စားစရိတ် (၁၈,၀၀ဝ)ကျပ်၊ စုစုပေါင်း (၁,၃၇၃,၀၀ဝ)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ပြီး (၁၇:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ထွက်ခွာ၍ ၎င်းတို့၏နေရပ်အသီသီးသို့ ပြန်လည်ထွက်ခွာခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ

MOS

DSW

DDM

DOR