လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(နမ့်လတ်)၌ စခန်းအခြေပြု ပြန်လည် ထူထောင်ရေးသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားအား (၂၇-၂-၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ပြည်နယ်ဦးစီးမှူး ညွှန်ကြာရေးမှူး ဦးဇော်မင်းက တက်ရောက် အမှာစကားပြောကြားရာတွင် ယနေ့ခေတ် မူးယစ်ဆေးဝါး ပြဿနာသည် ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ အခြေခံစီးပွားရေးကို ထိခိုက်ပျက်စီးစေကြောင်း၊ ဘိန်းဖြူထုတ်လုပ်မှု၊ စိတ်ကြွရူးသွပ်ဆေးပြားများထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများကို ထိန်းချုပ် ခြင်းများအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ NGO၊ INGO နှင့်အရပ်ဖက်အဖွဲ့အစည်းများမှလည်း  နည်းလမ်းအမျိုးမျိုး၊ ကဏ္ဍအမျိုးမျိုးတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း၊ ထို့အပြင် ဘိန်းစိုက်ပျိုးမှုပပျောက်ရန် အစားထိုးသီးနှံများစိုက်ပျိုးစေခြင်း၊ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ မူးယစ်ဆေးဖြတ် ကုသရေးဆေးရုံများတွင် ကုသပေးခြင်း၊ ဆေးဖြတ်ပြီးသူများအား ပြန်လည်ထူထောင်မှုပေးပြီး လူ့အသိုက် အဝန်းတွင် ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ဆောင်ရွက်ပေးခြင်း စသည့်လုပ်ငန်းများအား နည်းလမ်းပေါင်းစုံ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလက်ရှိအခြေအနေတွင် လူငယ်များအတွင်း နေရာမျိုးစုံ၊ စရိုက်မျိုးစုံတို့တွင် မူးယစ်ဆေးဝါးသုံးစွဲမှု များပြားလာခြင်းကြောင့် မူးယစ်အသိပညာပေး ဟောပြောပွဲများကို အရှိန်အဟုန်ဖြင့်တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် နိုင်ငံအတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သက် ၍ ပါဝင်ပတ်သက်မှု မရှိစေရေးအတွက် မူးယစ်အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်လျှက်ရှိ ကြောင်း၊ မူးယစ်ဆေးဝါးပြဿနာအား ကာကွယ်တားဆီးရေးမှ ချုပ်ငြိမ်းပျောက်ကွယ်ရေးထိ  တစ်ကမ္ဘာလုံး တာဝန်ဖြစ်သကဲ့သို့ သက်ဆိုင်ရာ နိုင်ငံတိုင်းရှိပြည်သူတစ်ရပ်လုံး၏ ကိုယ်စီတာဝန်ဖြစ်သည်ဟု ခံယူလျှက် တက်ညီလက်ညီဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမှသာလျှင် အနာဂတ်မျိုးဆက်သစ် လူငယ်မောင်မယ်များ၏ ရှေ့ခရီးသည် ဖြောင့်ဖြူးသာယာနေမည်ဖြစ်ကြောင်း မိဘတိုင်း၊ ဆရာတိုင်း၊ ကျောင်းသားတိုင်း၊ နိုင်ငံ့ဝန်ထမ်းတိုင်း၏  တာဝန်အဖြစ်ခံယူလျှက် ကိုယ်စီကိုယ်စီတတ်စွမ်းသည့်ဘက်မှ ပါဝင်ကူညီမှသာ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးအန္တရာယ်အား တာဆီးကာကွယ်တွန်းလှန်တိုက်ဖျက်နိုင် မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

                အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဖိတ်ကြားထားသည့်ပြည်နယ်အဆင့်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ အရပ်ဖက် မိတ်ဖက်အဖွဲ့အစည်းများမှ လူကြီးများ၊ ရပ်ဖိရပ်ဖများ၊ သင်တန်းသားများစုစုပါင်း (၆၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းနှင့် အခမ်းအနားအား နံနက် (၁၁:၃၀) နာရီတွင်ရုတ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ

MOS

DSW

DDM

DOR