 
 
                            တိုင်းဒေသကြီး/ပြည်နယ်အလိုက်ဆောင်ရွက်ခြင်း
ကယ်ဆယ်ရှင်းလင်းရေးအနေဖြင့် ရဲတပ်ဖွဲ့ဝင်အင်အား (၂၁၈၇)ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား (၄၃၂)ဦးဖြင့်ဆောင်ရွက်လျက်ရှိခြင်း၊
ရေပေးဝေမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ရေသန့်စင်ကား(၆)စီး၊ Mobile Solar စနစ် (၂၀)စုံ တို့ဖြင့် တစ်နေ့တာ ရေပေးဝေသည့်ဂါလံ (၁၇၃၃၈) ဖြင့်ရေပေးဝေလျက်ရှိပြီး စုစုပေါင်းရေပေးဝေခဲ့သည့်ဂါလံမှာ (၁၁၆၂၀၉၈)ဂါလံဆောင်ရွက်လျက်ရှိခြင်း၊
ရေသန့်စင်ပုံး Life Straw ဖြန့်ဝေမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၂၁၀)ပုံး ဖြန့်ဝေပေးလျက်ရှိခြင်း၊
ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးရရှိမှုအနေဖြင့် တယ်လီဖုန်းဆက်သွယ်ရေးလွှမ်းခြုံနိုင်မှု ၉၉.၆၈ % ရှိခြင်း၊
ရေငန်တားတာပြင်ဆင်ပြီးစီးမှုအနေဖြင့် မြောက်ဦးမြို့၊ ကုလားပုန်းကျွန်းတာ၊ မြေပုံမြို့၊ ငမန်းရဲကျွန်းတာ အပိုင်း(၁)နှင့် အပိုင်း(၂)၊ မောင်တောမြို့၊ ခြံပြင်တာ၊ ပုဏ္ဏားကျွန်း၊ တန်းခိုးရေငန်တားတာနှင့် စစ်တွေ၊ ဝါဘိုလယ်သမားတာ တို့တွင် (၁၀၀)%၊ ရသေ့တောင်၊ ကျီးကျွန်းရေငန်တားတာ (၈၀)% ပြင်ဆင်ပြီးစီးခြင်း၊
မိုးစပါးထွန်ယက်ပြီးစီးမှုအား ဌာနပိုင်ထွန်စက်ဖြင့် (၃၁၈၈)ဧက၊ တောင်သူပိုင်ထွန်စက်ဖြင့် (၈၈၂၈)ဧက၊ တောင်သူပိုင်လယ်တွန်းထွန်စက်ဖြင့် (၁၂၉၄၃၉)ဧကနှင့် ကျွဲ/နွားဖြင့် (၆၂၀၇၃)ဧက ထွန်ယက်ပြီးစီးခြင်း၊
မျိုးစပါးသယ်ယူပို့ဆောင်မှုအနေဖြင့် မြောက်ဦးမြို့အတွက် (၃၅၂)တင်း၊ ကျောက်တော်မြို့အတွက် (၁၀၀)တင်းနှင့် ပုဏ္ဏားကျွန်းမြို့အတွက် (၃၇၀၇)တင်း ပို့ဆောင်လျက်ရှိခြင်း၊
ရန်ကုန်မှ စစ်တွေသို့ ပျိုးပင်(ရေတမာ၊ မဟောဂနီ၊ မန်ဂျင်ရှား၊ ပင်လယ်ကဗွီး)ပို့ဆောင်မှုအနေဖြင့် (၂၂၄၇၆)ပင် ပို့ဆောင်ခြင်း၊
ရခိုင်ပြည်နယ်တွင် တပ်မတော်အထူးဆေးအဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်မှုအနေဖြင့် အထူးဆေးအဖွဲ့ (၂)ဖွဲ့၊ ကူညီကယ်ဆယ်ရေးဆေးအဖွဲ့ (၁၀)ဖွဲ့တို့အားကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်လျက်ရှိခြင်း၊
ရခိုင်ပြည်နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံ/တိုက်နယ်ဆေးရုံးများတွင် ပြင်ပလူနာ (၂၈၁၂၉)ဦး၊ ဆေးရုံတက်လူနာ (၁၉၁၃၆)ဦး နှင့် နေ့စဉ်ပျမ်းမျှအတွင်းလူနာ (၁၂၀၀)ကျော် ရှိခြင်း၊
ရခိုင်ပြည်နယ်တွင်ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု (၁၃၅၂၃)ဦး၊ အခြားကျန်းမာရေးစောင့်ရှောက်မှု (၁၄၄၃၄၅)ဦး၊ ရေသန့်ဆေးဖြန့်ဝေမှု (၃၉၆၀၃၂) လုံး၊ ရေတွင်းရေကန်သန့်စင်ခြင်း (၆၅၇၂)ကြိမ်၊ ကျန်းမာရေးအသိပညာပေးခြင်း (၁၅၀၇၈)ကြိမ်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု (၃၁၆၁၁)ဦး ဆောင်ရွက်လျက်ရှိခြင်း၊
ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်တွင် တာပေါ်လင်(၂၅၃၀)လိပ်/(၁၂၄၃)ထုပ်/(၂၃၇)စ၊ မိုးကာတဲ (၁၄၈၈)လုံး၊ သွပ် (၄၇၉၅၈၆)ချပ်၊ သွပ်သံ (၆၄.၀၁၅)တန်၊ အိမ်ရိုက်သံ (၇၆.၇၅၀)တန်၊ ခေါက်ဆွဲခြောက် (၃၄၈၀၀၄)ထုပ်/(၅၀၉)ကီလို/(၂၇၁၅)ဖာ၊ ဆန် (၇၀၆၂၉)အိတ်/(၅၉၆.၄၆၆)တန်၊ ခေါင်အုပ် (၆၀၁၀)ပေ၊ ချင်းပြည်နယ်တွင် ဆန် (၉၆၀)အိတ်နှင့် သစ်ခွဲသား/ပင်ကျပ်တိုင် (၂၃၂၅.၅၁၉)တန် စစ်တွေမြို့သို့ရောက်ရှိပြီး ဆက်လက်တင်ပို့ဆဲ သစ်ခွဲသား(၄၆၄.၀၃၃)တန်၊ ရန်ကုန်မြို့တွင် အသင့်ရှိ သစ်ခွဲသား (၃၃၉)တန် ပြင်ဆင်ထားရှိခြင်း၊
ကယ်ဆယ်ထောက်ပံ့ပစ္စည်းများ တင်ပို့မှုအနေဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ Y-8 (5819)ဖြင့် (၈၀၀၀)ကီလိုဂရမ် တင်ပို့လျက်ရှိခြင်း၊
ဘေးဒဏ်ခံစားရမှုအခြေအနေဖြင့်
သေဆုံး - ၁၄၈ ဦး
ဒဏ်ရာရ - ၁၃၂ ဦး
ထိခိုက်ပျက်စီမှုအခြေအနေဖြင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် -
နေအိမ်ပျက်စီး - ၂၇၁၃၃၅ လုံး
စာသင်ကျောင်း - ၁၆၂၇ လုံး
ဘာသာရေး အဆောက်အဦ - ၃၅၄၀ လုံး
ဆေးရုံ/ဆေးခန်း - ၅၀၉ ခု
တာဝါတိုင် - ၂၈ တိုင်
ဓာတ်တိုင် - ၇၂၄၇ တိုင်
တိရစ္ဆာန်သေဆုံး − ၁၇၇၉၂၃ ကောင်
 
            
          






 
                   
                   
                   
                    
 
                      
