လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၈-၈-၂၀၂၃) ရက်နေ့တွင်မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်နှင့် ဂေါ့ကျေးရွာအုပ်စုတို့တွင်မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့်အမိုးလန်ပျက်စီးခဲ့သည့်လူနေအိမ် (၃)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀,၀၀၀ိ/-)၊ ပြိုကျ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)နှင့် စုစုပေါင်းလူဦးရေ (၂၅)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၂,၅၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၃၂၂,၅၀၀ိ/-)နှင့် (၁၃၈,၂၇၃ိ/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းတို့အား (၉-၈-၂၀၂၃)ရက်နေ့၊ (၁၃း၀၀)နာရီအချိန်ခန့်တွင် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ပါသည်။

 


Source:
DDM

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း

MOS

DSW

DDM

DOR