လူမှုဝန်ထမ်းလုပ်ငန်းဆိုင်ရာ ဗဟုသုတတိုးပွားစေရေး အသိပညာပေးလုပ်ငန်း စီမံချက်အား ပြည်ထောင်စုအဆင့် အဓိကဆက်စပ်ဌာနဆိုင်ရာများမှ အဆင့်မြင့်အရာထမ်းများ အနေဖြင့် ဦးတည်အုပ်စုအလိုက် အခြေခံအခွင့်အရေးများနှင့်ပတ်သက်ပြီး မူဝါဒပိုင်းဆိုင်ရာ သိမြင်နားလည် သဘောပေါက်စေရန်နှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်လူမှုဝန်ထမ်းရုံးများမှတစ်ဆင့်  ဆက်စပ်ဌာနဆိုင်ရာများမှ အလယ်အလတ် အဆင့်နှင့် အဆင့်မြင့်အရာထမ်းများအား ဦးတည်အုပ်စုအလိုက် အခြေခံအခွင့်အရေးများနှင့် ပတ်သက်ပြီး အကောင်အထည်ဖော်ရန်၊ မိမိလုပ်ငန်းနယ်ပယ်အလိုက် တာဝန်ရှိမှုများကို သိမြင်နားလည် သဘောပေါက်စေရန် ရည်ရွယ်ချက်ဖြင့် ထပ်ဆင့်ရှင်းလင်းပို့ချနိုင်ရေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် ရှင်းလင်းတင်ပြခြင်းအခမ်းအနားအား (၂၈.၄.၂၀၂၂) ရက်နေ့၊ နံနက် ၁၀:၀၀ တွင် ညွှန်ကြားရေးမှူးချုပ်ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်  ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဌာနခွဲအလိုက် ဘာသာရပ်ဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများက လူမှုဝန်ထမ်းဝန်ဆောင်မှုလုပ်ငန်း ဆိုင်ရာအသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် လူမှုဝန်ထမ်းဉီးစီးဌာနမှ လက်ရှိ ဆောင်ရွက်လျက်ရှိသော သိသင့်သိထိုက်သည့် အခြေခံဗဟုသုတများအား Power Point ဖြင့် ရှင်းလင်းတင်ပြကြပါသည်။  ရှင်းလင်းတင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူးများက စီမံချက်ပါ အသိပညာပေးလုပ်ငန်းစဉ်များအား ဆက်စပ်ဌာနဆိုင်ရာများမှ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အရာထမ်းများမှ ရှင်းလင်းမြင်သာစွာသိရှိပြီး ပြည်သူလူထူအား ထပ်ဆင့်မျှဝေနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ
နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏နှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားနာ ရွတ်ဖတ်ပူဇော်ခြင်းနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပခြင်း
နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ

MOS

DSW

DDM

DOR