လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေဘေးရှောင်ကယ်ဆယ်ရေး စခန်းများမှ အိမ်ထောင်စုများအတွက် မာမား (၃၀) ထုပ်ပါ (၆၀) ဖာကို အရှေ့တောင် တိုင်းစစ် ဌာန ချုပ်ကိုယ်စား ဗိုလ်မှူးကြီးတိုးဝင်းမှ လည်းကောင်း၊ (၂၇-၇-၂၀၂၁) ရက်နေ့ (၁၈:၀၀) အချိန်မှ (၂၈-၇-၂၀၂၁) ရက်နေ့၊ (၁၂၀၀) နာရီအချိန်ထိ ကယ်ဆယ်ရေးစခန်း (၁၂) ခုသို့ ရောက်ရှိလာသည့် ထပ်တိုးလူဦးရေ (၂၄၂၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅,၀၈၂,၀၀၀/-) ကျပ်တို့အား လည်းကောင်း၊ ရေဘေးရှောင်စခန်းများတွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး အတွက် ရေဘေးသင့်မိသားစုဝင်များအတွက် တာပေါ်လင်လိပ် (၂) လိပ်တို့အား (၂၉-၇-၂၀၂၁) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

(၂၀.၁၁.၂၀၂၄)ရက်နေ့တွင် ကျရောက်သည့် (၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား ကျင်းပပြုလုပ်ခြင်း
ရာဂီမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက်ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများလွှဲပြောင်းပေးအပ်ပွဲကျင်းပ
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှု့စစ်ဆေး

MOS

DSW

DDM

DOR