လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း(ရန်ကုန်)၏ အပတ်စဉ်(၄/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို (၁၄.၁၀.၂၀၂၂)ရက်နေ့ နံနက်(၈)နာရီအချိန်တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း သင်တန်းဆင်းခန်းမဆောင်တွင် ကျင်းပပြုလုပ်ပြီး အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအမျိူးသမီးရေးရာအဖွဲ့ဥက္ကဌဒေါ်ဖြူဖြူစိန်၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးရှိ လူမှုဝန်ထမ်းရုံးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ၊ သင်တန်းသား/သူ(၉၆)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

    ဆက်လက်၍ လူမှုရေးရာဝန်ကြီးမှ သင်တန်းဆင်းအဖွင့်အမှာစကားပြောကြားခဲ့ပြီး စက်ချုပ်ဘာသာရပ်ထူးချွန်ဆုရရှိသူ သင်တန်းသူ မဇာနည်ဝင်းအား အပ်ချုပ်စက်(၁)လုံးချီးမြှင့်ခဲ့ပြီး တာဝန်ရှိသူများမှ သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြပါသည်။ ထို့နောက် သင်တန်းဆင်းသင်တန်းသူများကိုယ်စား မဇာနည်ဝင်းမှ ကျေးဇူးတင်စကားပြောကြားပြီး (၉:၃၀)နာရီတွင် သင်တန်းဆင်းပွဲအခမ်းအနားပြီးမြောက်ခဲ့ပါသည်။ 



နောက်ဆုံးရသတင်းများ

“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းများသို့ လှည့်လည်ကြည့်ရှု
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း (၃/၂၀၂၅) သင်တန်းဆင်ပွဲကျင်းပ

MOS

DSW

DDM

DOR