လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၂၃)ရက်နေ့ ၊(၁၄:၀၀)နာရီအချိန်တွင် မြိတ်မြို့နယ်၊ အ.ထ.က (ခွဲ)၊ အ.လ.က(၁) အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျောင်းသား/သူ (၁၈၀)ဦးတို့အား သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်လျက် သဘာဝဘေးအသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်း၊ ဗီနိုင်းပိုစတာပေးအပ်ခြင်းနှင့် ဘောလ်ပင်ဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Source: DDM