လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ
တာဝန်ရှိသူများသည် မှော်ဘီခရိုင်၊
မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာအုပ်စု၊ တပ်ကြီးကုန်းတောင်ပိုင်း၊
ရုံးပေါင်းစုံ(၆)လမ်း၌ (၁၃-၅-၂၀၂၃)ရက်နေ့၊
(၁၅:၅၀)အချိန်တွင် မိုးသည်းထန်စွာ ရွာသွန်း၍
လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ သစ်ပင်လဲကျခဲ့ရာ
တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ (၈)ဦးတို့အတွက်
အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၁၀၀,၀ဝဝိ/-)၊
ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေကျပ်(၁၆၈၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၁၁၆၈၀ဝိ/-)အား
(၂၃-၅-၂၀၂၃)ရက်နေ့၊ (၁၄း၀၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း
သိရှိရပါသည်။
Source: DDM