နေပြည်တော်

ဗီယက်နမ်နိုင်ငံအစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အစည်းတို့ ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၇) နေ့မှ (၉) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် International Conference on Women, Peace and Security သို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် virtual ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။ 



(၇-၁၂-၂၀၂၀) ရက်နေ့တွင် ကျင်းပခဲ့သည့် International Conference on Women, Peace and Security ညီလာခံ၏ဖွင့်ပွဲအခမ်းအနားတွင် ဗီယက်နမ်နိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ဝန်ကြီး  H.E. Mr.Pham Binh Minh နှင့် National Assembly of Vietnam ၏ Vice Chairwoman၊ Ms. Tong Thi Phong တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကမ္ဘောဒီးယား၊ Ibero-America, Australia, Canada, Kenya, Nicaragua နှင့် Uraguay နိုင်ငံတို့မှ အဆင့်မြင့် အရာရှိများက အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာတို့နှင့် စပ်လျဉ်း၍ မိမိတို့နှင့် သက်ဆိုင် သည့် Statement များအား အသီးသီးဖတ်ကြားခဲ့ကြပါသည်။

အဖွင့်မိန့်ခွန်းများနှင့် Statement များတွင် အမျိုးသမီးများအနေဖြင့် ငြိမ်းချမ်းရေးနှင့် လုံခြုံ ရေးလုပ်ငန်းစဉ်များတွင် ပါဝင်နေမှုများ၊ ငြိမ်းချမ်းရေးနှင့် လူမှုသဟဇာတဖြစ်ရေးတို့၏ အရေးပါ မှုများ၊ ရေရှည်ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ ကို ရရှိအောင်ဆောင်ရွက်နိုင်မှုများ၊ နိုင်ငံအလိုက်အတွေ့အကြုံများကို ရှင်းလင်း ပြောကြားသွားပါ သည်။ 

ညီလာခံအား (၈-၁၂-၂၀၂၀) ရက်နေ့မှ (၉-၁၂-၂၀၂၀) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေး တည်ဆောက်ရေးတွင် အမျိုးသမီးများပါဝင်မှု : ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ လက်ခံ သည့် ကာလမှစ၍ တိုးတက်မှုနှင့် အနာဂါတ်တွင် အမျိုးသမီးခေါင်းဆောင်မှု၊ Women, Peace and Security နှင့်ပတ်သက်၍ နိုင်ငံအဆင့် ဆောင်ရွက်ချက်များ၊ အောင်မြင်မှုများ၊ အခက်အခဲများကို မျှဝေခြင်း၊ ငြိမ်းချမ်းရေးထိန်းသိမ်းမှုကဏ္ဍတွင် အမျိုးသမီးများ၏ အနာဂါတ်၊ WPS Agenda အား အနာဂါတ်ကာလတွင် အကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ WPS Agenda အကောင်အထည်ဖော်မှုကို အရှိန်အဟုန်မြှင့်တင်ခြင်းစသည့် ခေါင်းစဉ်များဖြင့် Plenary Sessionများ၊ Breakout Sessions များကျင်းပ၍ ညီလာခံအား ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ 

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

MOS

DSW

DDM

DOR