လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊
မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဃ်န်းညီနောင်အခြေချ
စစ်ဗျူဟာ၊ ရှေ့တန်းအမှတ် (၂၇၅) တပ်ရင်းနှင့် နယ်ခြားစောင့် တပ်ရင်းအမှတ် (၁၀၁၇) တို့မှ
ပူးပေါင်း၍ (၂၆-၇-၂၀၂၁) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ သောင်ရင်းမြစ်ရေ လျှံတက် ပြီး အနိမ့်ပိုင်းနေရာများသို့ရေကြီးမှု ဖြစ်ပွားခဲ့သည့်အတွက် ရေဘေးသင့် အိမ်ထောင်စုများ အတွက် ဆန်(၆)ပြည်
အိတ်(၆၀၀)အိတ်တို့အားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် စေတနာရှင်များမှ ထမင်းဘူး(၅၀၀)ဘူးတို့အား (၂၈-၇-၂၀၂၁) ရက်နေ့တွင် ရေဘေးသင့်ကယ်ဆယ်ရေးစခန်းများသို့
သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်းနှင့် မြဝတီမြို့ တွင် ရေဘေးရှောင်စခန်း (၁၀) နေရာကျော် ဖွင့်လှစ်ထားရှိပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား
တာဝန်ရှိသူများမှ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း သတင်းရရှိပါသည်။
Source: DDM