ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း(မြို့နယ်အဆင့်) အမှတ်စဉ်(၃/၂၀၂၄)ကို (၂၆-၂-၂၀၂၄)ရက်နေ့ နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပျဉ်းမနားမြို့နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်း၊  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်၊ ဌာနဆိုင်ရာ တာန်ရှိသူများ နှင့် သတင်းတန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။ အဆိုပါ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (မြို့နယ်အဆင့်) အမှတ်စဉ်(၃/၂၀၂၄)ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ၃ ရက်ကြာ သင်ကြား ပို့ချသွားမည်ဖြစ်ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အထက်ပေကုန်းကျေးရွာအုပ်စု၊ အထက်ပေကုန်းကျေးရွာနှင့် တြိန်း ကျွန်းကျေးရွာအုပ်စု၊ အောင်လှိုင်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးအတွက် ထောက်ပံ့မှု သတင်း

MOS

DSW

DDM

DOR