လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၂-၂၀၂၂)ရက်နေ့ (၀၄း၃၀)အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ လက်ပံပင်စုကျေးရွာအုပ်စု၊ လက်ပံပင်စုကျေးရွာ၌ မီးဘေးဖြစ်ပွားခဲ့ရာ အဆိုပါမီးဘေးကြောင့် မီးဘေးသင့်နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၄,၇၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၂၁၄,၇၀၀/-)ကျပ်နှင့် ထောက်ပံ့ပစ္စည်း(၁၇)မျိုး တစ်အိမ်စာတို့အား (၇-၂-၂၀၂၂)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM