Covid-19 ကူးစက်ရောဂါအသိပညာပေးဆောင်ရွက်မှုသတင်း
၂၈ စက်တင်ဘာ ၂၀၂၁
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၂၁) ရက်နေ့၊ (၁၂:၀၀)အချိန်မှ (၁၆:၀၀)အချိန်ထိ ဘားအံမြို့နယ်၊ သီရိမင်္ဂလာကျေးရွာ၊ ထန်းတပင် ကျေးရွာ၊ ကော့ဒါန်းမယ်ကျေးရွာ၊
ကော့မန်းတလိန်ကျေးရွာ၊ ဝါးဆူးကျေးရွာ၊ ခလောက်နိုင်း ကျေးရွာ၊ ကော့ကရဲ့ထော်ကျေးရွာ၊
ဝင်းကျန်ကျေးရွာ၊ ကရင်ဖားလင်ကျေးရွာ၊ ဖားလင်(၁) ကျေးရွာ၊ ထုံးအိုင်စံပြကျေးရွာ၊ နောင်ထလုံးကျေးရွာ၊
တောကြီးကုန်းကျေးရွာ၊ သာယာကုန်း ကျေးရွာ၊ ကော့တရုတ်ရကျေးရွာ၊
ကော့သိုက်ကျေးရွာနှင့် ကော့ထမလိန်းကျေးရွာ များရှိ ပြည်သူများသို့ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို အသံချဲ့စက်ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ပြီး ပညာပေးဗီနိုင်းများ ဖြန့်ဝေပေးခဲ့ပါသည်။