ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ တို့နှင့်ပူးပေါင်း၍ (၁၄-၁၁-၂၀၂၃)ရက်နေ့တွင် လသာမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၌ သဘာဝဘေးအန္တရာယ်များအနက် ငလျင်ဘေးအန္တရာယ်မှာ ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသည့် ဘေးအမျိုးအစားဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်ခံစားရလွယ်မှု အများဆုံးသော ဘေးအန္တရာယ် အမျိုးအစား ဖြစ်ပါသည်။ သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ဘေးအန္တရာယ်တစ်ခုအတွက် ပြင်ဆင် ထားမှုအခြေအနေအား လေ့လာခြင်း၊ တိုးမြှင့်ခြင်းနှင့် သုံးသပ်ခြင်းတို့ပြုလုပ်ရန် ဘေးအန္တရာယ် ကြုံတွေ့ပါက ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်၊ ဘေးမဖြစ်မီ၊ ဖြစ်နေဆဲ၊ ဖြစ်ပြီးအချိန် များတွင် လုပ်ဆောင်ရမည့် အစီအစဉ်များကို လေ့ကျင့်တတ်စေရန်၊ inclusiveness (ထိခိုက်လွယ် အုပ်စု) များကို ဇာတ်တိုက်လေ့ကျင့်ခြင်းမှာ ထည့်သွင်းလာစေရန်ဟူသော ရည်ရွယ်ချက်များဖြင့် ငလျင်ဘေး အန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှု အဖွဲ့များ၊ စုစုပေါင်းအင်အား (၃၁၅)ဦးဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ကျောက်တံတားခရိုင် စီမံ အုပ်ချုပ် ရေးအဖွဲ့မှ အဖွဲ့ဝင်(၂)နှင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ လသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

Source: DDM

 

နောက်ဆုံးရသတင်းများ

ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၊ ‌ရွှေသံလွင်ဘိုးဘွားရိပ်သာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာဟောပြောပွဲနှင့် လမ်းကမ်းစာစောင်ဝေငှမှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာ၌ သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်မှု သတင်း

MOS

DSW

DDM

DOR