ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်တွင် (၁၁-၉-၂၀၂၄) ရက်နေ့တွင် ဖြစ်ပွားခဲ့သောရေဘေးကြောင့် သေဆုံးလူဦးရေ (၆) ဦးအတွက်ထောက်ပံ့ငွေ (၁,၈၀၀,၀၀၀/-)၊ လုံးဝပျက်စီးနေအိမ် (၇၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇,၅၀၀,၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၉,၃၀၀,၀၀၀/-) နှင့်ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁၀၇,၆၇၈/-)၊ (၇၅) အိမ်ထောင်စုစာ (၈,၀၇၅,၈၅၀/-)တို့အား (၁၈-၉-၂၀၂၄) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့သွားရောက် ထောက်ပံ့‌ပေးအပ်ခဲ့ပါသည်။


Source:DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR